ခေတ်သစ်အတွက် မိတ္တူ တစောင်

Khit Thit Media က ဖော်ပြခဲ့သည့် ထောင်ကျ စစ်အရာရှိဟောင်းနှင့်စစ်သည် ၆၄၅ ဦး ကို လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှုထမ်းခိုင်းသည့် လျှို့ဝှက် အမိန့်စာနှင့် ပြည်ထဲရေး အရာရှိများ ရာထူးတိုးနယ်ပြောင်း အမိန့်စာ ပေါက်ကြားမှုကြောင့် နေပြည်တော် ဝန်ကြီးရုံးအဖွဲ့များ စစ်ဆေးခံနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

Khit Thit Media က ဖော်ပြခဲ့သည့် ထောင်ကျ စစ်အရာရှိဟောင်းနှင့်စစ်သည် ၆၄၅ ဦး ကို လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှုထမ်းခိုင်းသည့် လျှို့ဝှက် အမိန့်စာနှင့် ပြည်ထဲရေး အရာရှိများ ရာထူးတိုးနယ်ပြောင်း အမိန့်စာ ပေါက်ကြားမှုကြောင့် နေပြည်တော် ပြည်ထဲရေးဝန်ကြီးရုံးအဖွဲ့ကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့များက ခေါ်ယူစစ်ဆေးနေကြောင်း သိရှိရသည်။

Khit Thit Media က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပတ်သက်သူများ၊ စစ်အရာရှိဟောင်း မိုးကျရွှေကိုယ်များ အပါအဝင် ဒုညွှန်ကြားရေးမှူး ၇ ဦးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး များအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ကြောင်း အမိန့်စာနှင့် ညွှန်ကြားရေးမှူးများ နယ်ပြောင်းသည့် အမိန့်စာတို့ကို ဖော်ပြခဲ့သည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်သားများ သေဆုံးမှု အလွန်များပြားနေ၍ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျ အရာရှိနှင့် စစ်သည် ၆၄၅ ဦးကို လျှို့ဝှက် လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှု ထမ်းခိုင်းမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားချက် အမိန့်စာကို Khit Thit Media က ဖော်ပြခဲ့သည်။

အဆိုပါ လျှို့ဝှက် အမိန့်စာများ ပေါက်ကြားမှုကြောင့် နေပြည်တော်စစ်ရုံးချုပ်ရှိ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က နေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးရုံးမှ ရုံးအဖွဲ့၊ ဒုဝန်ကြီးရုံးအဖွဲ့ တို့၏ မိုဘိုင်းလ်တယ်လီဖုန်းများ သိမ်းဆည်း၍ ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“အကျဉ်းဦးစီးဌာနကို ညွှန်ကြားတဲ့ လျှို့ဝှက်အမိန့်စာ။ ထောင်ကျ စစ်အရာရှိဟောင်းနဲ့စစ်သည် ၆၄၅ ဦးကို လွတ်ငြိမ်းပေးပြီး စစ်မှုထမ်းခိုင်းတဲ့စာ။ အဲဒါပေါက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးစီးအရာရှိ ဦးသိန်းထိုက်ပါ ပြည်ထဲရေးဒုဝန်ကြီးရုံးအဖွဲ့ စစ်ဆေးခံရတယ်။ နောက်တစ်ခါ ညွှန်ကြားရေးမှူးအပြောင်းနဲ့ ရာထူးတိုး စာတွေ ထပ်ပေါက်လို့ ပြည်ထဲရေးဝန်ကြီးရုံးအဖွဲ့ အတော်များများ စစ်ဆေးခံရတယ်။ စစ်ဆေးခံရတယ်ဆိုတာက ဖုန်းတွေ ယူစစ်တယ်။ မက်ဆင်ဂျာ၊ ဗိုက်ဗာ၊ စင်ဂနယ်၊ တယ်လီဂရမ် လူမှုကွန်ရက်မှာရှိတဲ့ အကောင့်တွေ အကုန်ဝင်ကြည့်တယ်။ စစ်တယ်ပေါ့။ ဘယ်တွေကို ဆက်သွယ်ထားလဲဆိုတာကို စစ်တာ။ အစစ်ခံရတာကတော့ အများကြီးပဲ အကုန်ခေါ်စစ်တာ” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် လက်ထက်ကလည်း အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ ထိပ်ပိုင်းအစည်းအဝေး မှတ်တမ်း အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန၏ လျှို့ဝှက် ကိစ္စများအားလုံး Khit Thit Media သို့ ပေါက်ကြားခဲ့သဖြင့် အရေးယူမှု အများ အပြားလုပ်ဆောင်ခဲ့ပြီး နောက်ဆုံး စိုးထွဋ်ကို ရာထူးမှ ဖယ်ရှားကာ လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ချ အပြစ်ပေးခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *