ဟန်ရေးတပြပြလုပ်တဲ့အုပ်ကြီး ဟန်ရေးမပြနိုင်တော့ဘူး

မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် မောင်ညဏ်ကို ဂန့်ဂေါ်ပင်ရွာနှင့် ဗိုလ်တထောင်ရွာ အကြား၌ တော်လှန်ရေး ရဲဘော်များက သေနတ်ဖြင့် ၅ ချက် ပစ်ခတ်တိုက်ခိုက်ရာ ထိုနေ့ ည ၉နာရီခန့်တွင် ဆေးရုံ၌ ဆေးကုသရင်း သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် မောင်ညဏ်သည် ပျူသင်တန်း တက် ရောက်ထားသည့် စစ်တပ် ထောက်တိုင် အမာခံဖြစ်ပြီး လူငယ်များကို ရဲနှင့် စစ်တပ်ထဲဝင်ရန် စည်းရုံး၍ ပျူစောထီးအဖွဲ့ ဖွဲ့စည်းပြီး အကြမ်းဖက် စစ်တပ်အတွက် အင်အားစုဆောင်းပေးခြင်း၊ စစ်တပ်ထံ တော်လှန်ရေးရဲဘော်များ၏ သတင်းများ ထောက်လှမ်းပေးပို့ခြင်း၊ စစ်တပ်က ထုတ်ပေးထားသည့် သေနတ်ပြ၍ လက်နက်အားကိုးဖြင့် ပြည်သူများကို ဖိနှိပ် ဒုက္ခပေးနေသော ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သူကတော်တော်ဆိုးတယ်။ အာဏာသိမ်းမှ အုပ်ကြီးဖြစ်တာ အရင်က ပြည်သူတွေ သံဗုံးတီးပြီး ဆန္ဒပြတာကို မဆင်းဘဲ ခုထိအုပ်ကြီးလုပ်နေတာ ပြီးခဲ့တဲ့ ၃ လလောက်က တောင်ငူကတပ်မှာ ပျူသင်တန်းတက်ပြန်လာတာ အဲ့ပြန်လာကတည်းက သေနတ်တပြပြနဲ့ ပြည်သူတွေကို လုပ်မယ်ကိုင်မယ်တကဲကဲနဲ့ဖြစ်နေတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မင္းလွၿမိဳ႕နယ္၊ ဂန႔္ေဂၚပင္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ၁ ဦး ပစ္ခတ္ခံရၿပီး ေသဆုံး
ရန္ကုန္၊ ဇန္နဝါရီ ၁
ပဲခူးတိုင္း၊ မင္းလွၿမိဳ႕နယ္၊ ဂန႔္ေဂၚပင္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ၁ ဦး ကို ပစ္ခတ္ တိုက္ခိုက္ရာ ေသဆုံးခဲ့ေၾကာင္း သာယာဝတီခ႐ိုင္ PDF မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
ဒီဇင္ဘာလ ၃၁ ရက္ေန႔ နံနက္ ၉ နာရီခန႔္တြင္ ဂန႔္ေဂၚပင္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ပ်ဴေစာထီး ေခါင္းေဆာင္ ေမာင္ညဏ္ကို ဂန႔္ေဂၚပင္႐ြာႏွင့္ ဗိုလ္တေထာင္႐ြာ အၾကား၌ ေတာ္လွန္ေရး ရဲေဘာ္မ်ားက ေသနတ္ျဖင့္ ၅ ခ်က္ ပစ္ခတ္တိုက္ခိုက္ရာ ထိုေန႔ ည ၉နာရီခန႔္တြင္ ေဆး႐ုံ၌ ေဆးကုသရင္း ေသဆုံးသြားေၾကာင္း သိရသည္။
ေသဆုံးသြားေသာ အုပ္ခ်ဳပ္ေရးမႉး ပ်ဴေစာထီး ေခါင္းေဆာင္ ေမာင္ညဏ္သည္ ပ်ဴသင္တန္း တက္ ေရာက္ထားသည့္ စစ္တပ္ ေထာက္တိုင္ အမာခံျဖစ္ၿပီး လူငယ္မ်ားကို ရဲႏွင့္ စစ္တပ္ထဲဝင္ရန္ စည္း႐ုံး၍ ပ်ဴေစာထီးအဖြဲ႕ ဖြဲ႕စည္းၿပီး အၾကမ္းဖက္ စစ္တပ္အတြက္ အင္အားစုေဆာင္းေပးျခင္း၊ စစ္တပ္ထံ ေတာ္လွန္ေရးရဲေဘာ္မ်ား၏ သတင္းမ်ား ေထာက္လွမ္းေပးပို႔ျခင္း၊ စစ္တပ္က ထုတ္ေပးထားသည့္ ေသနတ္ျပ၍ လက္နက္အားကိုးျဖင့္ ျပည္သူမ်ားကို ဖိႏွိပ္ ဒုကၡေပးေနေသာ ေၾကာင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။
“သူကေတာ္ေတာ္ဆိုးတယ္။ အာဏာသိမ္းမွ အုပ္ႀကီးျဖစ္တာ အရင္က ျပည္သူေတြ သံဗုံးတီးၿပီး ဆႏၵျပတာကို မဆင္းဘဲ ခုထိအုပ္ႀကီးလုပ္ေနတာ ၿပီးခဲ့တဲ့ ၃ လေလာက္က ေတာင္ငူကတပ္မွာ ပ်ဴသင္တန္းတက္ျပန္လာတာ အဲ့ျပန္လာကတည္းက ေသနတ္တျပျပနဲ႔ ျပည္သူေတြကို လုပ္မယ္ကိုင္မယ္တကဲကဲနဲ႔ျဖစ္ေနတာ” ဟု သာယာဝတီခ႐ိုင္ PDF မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *