အညာသားတွေ မွှင်းခါ၃ပွဲချက်

ဟုမ္မလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ ၊ ယင်းမာပင်ရှိ ဘန့်ဘွေးပျူစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြိုနယ်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး လက်နက်ငယ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့က ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့မှ သောင်သွပ်ရွာသို့ စစ်ကူပေးရန် ထွက်လာသော ခလရ – ၂၇၂ စစ်ကြောင်းကို မော်လိုက်ခရိုင် တပ်ရင်းမှ ကြားဖြတ်တိုက်ခိုက်ရာ စစ် ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်သားများ အသုံးပြုသည့် MA-3 သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၂၃၀၀) ကျော်၊ ဗုံးသီး မျိုးစုံ အလုံး ၂၀ ကျော်၊ မိုင်း ၂ လုံးနှင့် ကျည်အိမ် ၁၀ ခု ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစခန်းကို ရော့ကတ်လက်နက်ကြီး များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ တပ်ရင်းမှူးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းက အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပူးပေါင်းပြီး တပ်စွဲသည့် ဘန့် ဘွေးရွာ ပျူစောထီးစခန်းကို တာဝေးပစ် ရော့ကတ်လက်နက်ကြီး ၁၀ လုံးကျော်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ပစ်မှတ်နေရာများကို ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကို စုံ စမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ရော့ကတ်လက်နက်ကြီးနဲ့ ၁၀ လုံးကျော်ပစ်ခတ်ခဲ့တာ၊ ပစ်မှတ်နေရာတွေကို ကျရောက်ပေါက်ကွဲမှု ရှိခဲ့ပါတယ်၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး၊ နှစ်သစ်ကူးညတုန်းက ထုခဲ့တာ” ဟု ယင်းမာ ပင် ခရိုင်တပ်ရင်း ၃၅ မှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ နှင့် မဟာမိတ်တပ်များကူ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *