ပွဲကပိုလှသွားပြီ “ဝ”နှင့်ညီနောင်သုံးဖွဲ့တို့ပူးပေါင်း(ရုပ်သံ)

ဟိုပန်မြို့ကို UWSA “၀” တပ်ဖွဲ့က ထိန်းချုပ်၊ ညီနောင် မဟာမိတ် ၃ ဖွဲ့လည်း အတူ ရှိနေ

ဇန်နဝါရီ ၅ ရက်

ရှမ်းပြည်နယ်၊ ဟိုပန်မြို့ကို UWSA “၀” တပ်ဖွဲ့က ဝင်ရောက် နေရာယူပြီး ၀ တပ်ဖွဲ့ အလံလွှင့်တင်ပြီး တစ်မြို့လုံးကို ထိန်းချုပ်ကာ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့်အတူ ရှိနေကြောင်း ဟိုပန်မြို့မှ ပြည်သူများက ပြောဆိုကြသည်။

ယနေ့ နံနက်ပိုင်း ရှမ်းပြည်နယ်၊ ဟိုပန်မြို့ရှိ ရဲစခန်းနှင့် ထွေ/အုပ်ရုံး အပါအဝင် စစ်ကောင်စီတပ်စခန်းတချို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ပြီးနောက် UWSA ၀ တပ်ဖွဲ့များ စစ်ကားများဖြင့် ဟိုပန်မြို့တွင်းသို့ ဝင်ရောက်လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အခုပဲ ဝင်လာကြတယ်။ ၀ တပ်ဖွဲ့ အလံတွေ ထောင်ထားတယ်။ MNDAA နဲ့ ညီနောင် မဟာမိတ် အဖွဲ့တွေက လမ်းဘေးမှာ လုံခြုံရေး ယူပေးထားတယ်။ တစ်ဖွဲ့တည်းထင်တယ်။ ပစ်ခတ်တာမျိုးမရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက‌ ပြောဆိုသည်။

UWSA “၀” တပ်ဖွဲ့များ ဝင်ရောက်လာပြီးနောက် ဟိုပန် မြို့လယ်ခေါင်တွင် UWSA “၀” တပ်ဖွဲ့၏ အလံတော်ကို လွှင့်ထူလိုက်ပြီး တစ်မြို့လုံးတွင် ၀ တပ်ဖွဲ့ဝင်များ တပ်ဖြန့်နေကြောင်း ဟိုပန်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

“မြို့လယ်မှာတော့ UWSA အလံတော် လွှင့်ထူလိုက်ပြီ။ အလံတင်နေပြီ။ တစ်မြို့လုံးကိုလည်း ၀ တပ်ဖွဲ့ တွေ နေရာယူထားတယ်။ ညီနောင် ၃ ဖွဲ့တွေလည်းရှိတယ်။ အားလုံး အေးအေးဆေးဆေးပဲ” ဟု ဟိုပန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဟိုပန္ၿမိဳ႕ကို UWSA “၀” တပ္ဖြဲ႕က ထိန္းခ်ဳပ္၊ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕လည္း အတူ ရွိေန
ဇန္နဝါရီ ၅ ရက္
ရွမ္းျပည္နယ္၊ ဟိုပန္ၿမိဳ႕ကို UWSA “၀” တပ္ဖြဲ႕က ဝင္ေရာက္ ေနရာယူၿပီး ၀ တပ္ဖြဲ႕ အလံလႊင့္တင္ၿပီး တစ္ၿမိဳ႕လုံးကို ထိန္းခ်ဳပ္ကာ ေျမာက္ပိုင္း ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕ႏွင့္အတူ ရွိေနေၾကာင္း ဟိုပန္ၿမိဳ႕မွ ျပည္သူမ်ားက ေျပာဆိုၾကသည္။
ယေန႔ နံနက္ပိုင္း ရွမ္းျပည္နယ္၊ ဟိုပန္ၿမိဳ႕ရွိ ရဲစခန္းႏွင့္ ေထြ/အုပ္႐ုံး အပါအဝင္ စစ္ေကာင္စီတပ္စခန္းတခ်ိဳ႕ကို ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က သိမ္းပိုက္ၿပီးေနာက္ UWSA ၀ တပ္ဖြဲ႕မ်ား စစ္ကားမ်ားျဖင့္ ဟိုပန္ၿမိဳ႕တြင္းသို႔ ဝင္ေရာက္လာေၾကာင္း ေဒသျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
“အခုပဲ ဝင္လာၾကတယ္။ ၀ တပ္ဖြဲ႕ အလံေတြ ေထာင္ထားတယ္။ MNDAA နဲ႔ ညီေနာင္ မဟာမိတ္ အဖြဲ႕ေတြက လမ္းေဘးမွာ လုံၿခဳံေရး ယူေပးထားတယ္။ တစ္ဖြဲ႕တည္းထင္တယ္။ ပစ္ခတ္တာမ်ိဳးမရွိဘူး” ဟု ေဒသျပည္သူတစ္ဦးက‌ ေျပာဆိုသည္။
UWSA “၀” တပ္ဖြဲ႕မ်ား ဝင္ေရာက္လာၿပီးေနာက္ ဟိုပန္ ၿမိဳ႕လယ္ေခါင္တြင္ UWSA “၀” တပ္ဖြဲ႕၏ အလံေတာ္ကို လႊင့္ထူလိုက္ၿပီး တစ္ၿမိဳ႕လုံးတြင္ ၀ တပ္ဖြဲ႕ဝင္မ်ား တပ္ျဖန႔္ေနေၾကာင္း ဟိုပန္ၿမိဳ႕မွ ျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္း ဌာနထံသို႔ ေျပာဆိုသည္။
“ၿမိဳ႕လယ္မွာေတာ့ UWSA အလံေတာ္ လႊင့္ထူလိုက္ၿပီ။ အလံတင္ေနၿပီ။ တစ္ၿမိဳ႕လုံးကိုလည္း ၀ တပ္ဖြဲ႕ ေတြ ေနရာယူထားတယ္။ ညီေနာင္ ၃ ဖြဲ႕ေတြလည္းရွိတယ္။ အားလုံး ေအးေအးေဆးေဆးပဲ” ဟု ဟိုပန္ၿမိဳ႕မွ ျပည္သူတစ္ဦးက ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *