ဘောမတွေကမယုံနိုင်သေးဘူး “ဘူ”မငြင်းနဲ့ရုပ်သံကိုရှိုးလိုက်

လောက်ကိုင် ဒကစရှိ စစ်ကောင်စီ အလံကို ဖြုတ်ချပြီး MNDAA က ကိုးကန့် အလံ လွှင့်ထူထားပြီ၊ စစ်လော်ဘီများက အရှိတရားကို လက်မခံနိုင်ကြသေးဘဲ “ဘူး” ခံ ငြင်းနေကြဆဲ (ရုပ်/သံ)

■ လောက်ကိုင် ဒကစ အပါအဝင် လောက်ကိုင်မြို့နယ်အတွင်းရှိ တပ်စခန်းများမှ လက်နက်ချ အညံ့သူ ၃၇၂၄ ဦးရှိပြီး အားလုံးကို လိုရာခရီးသွားနိုင်ရေး MNDAA က စီစဉ်ပေးနေ

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်အင်အား ၃၀၀၀ ကျော် လက်နက်ချ အညံ့ခံလိုက်သော လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)မှ စစ်ကောင်စီအလံကို ယနေ့ မွန်းလွဲပိုင်းတွင် ဖြုတ်ချပြီး MNDAA က ကိုးကန့် အလံတော်ကို လွှင့်ထူလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

သို့ရာတွင် စစ်လော်ဘီများကမူ တယ်လီဂရမ် ချန်နယ်များတွင် လောက်ကိုင် ဒကစ မကျသေးဟုဆိုကာ အရှိတရားနှင့် အမှန်တရားကို လက်မခံနိုင်ကြသေးဘဲ “ဘူး” ခံ ၍ ငြင်းဆန်နေသော်လည်း လက်တွေ့တွင် လောက်ကိုင်ဒကစအပါအဝင် လောက်ကိုင်မြို့နယ်တစ်ခုလုံးကို MNDAA က သိမ်းပိုက်ထားပြီဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)က MNDAA ထံတွင် လက်နက်ချ အညံ့ခံလိုက်ပြီး လက်ရှိတွင် ဒကစအတွင်းမှ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများကို လိုရာခရီးသွားနိုင်ရေး MNDAA က စီစဉ်ပေးနေကြောင်း တရုတ်-မြန်မာ နယ်စပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

လက်ရှိတွင် လက်နက်ချ အညံ့ခံသူ စစ်သားများ၊ အရာရှိများ၊ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း ၃၇၂၄ ဦးရှိပြီး အားလုံးကို လိုရာခရီးသွားနိုင်ရေး စီစဉ်ပေးနေသည်ဟု သိရှိရသည်။

လက်ရှိတွင် စာရင်းများအရ ဒကစနှင့် တပ်များမှ ယာဉ်များ အနေဖြင့် ဆိုင်ကယ် ၁၃၉ စီး ၊ ကားလေး ၁၃၀ စီး ၊ ကားကြီးမျိုးစုံ ၄၂ စီး၊ ဒကစ တပ်အတွင်းမှ အရာရှိအရာခံ ၂၂၈ ဦး၊ တပ်သားနှင့် အမှုထမ်း ၁,၈၉၅ ဦး စုစုပေါင်း တပ်ဖွဲ့ဝင် ၂,၁၂၃ ဦး ၊ လက်နက် အနေဖြင့် ပစ္စတို ၇၉ လက် ၊ ချေမှုန်းရေးရိုင်ဖယ်လက်နက်မျိုးစုံ ၁,၉၆၄ လက်မျိုးစုံ၊ ထို့ပြင် ဒကစအတွင်းရှိ လက်ရုံးတပ်များမှ အရာရှိ ၈၀ ယောက် ၊ တပ်သားနှင့် အမှုထမ်း ၇၅၀ ဦး ၊ လက်နက်အားဖြင့် ပစ္စတို ၂၀ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၇၅၀ လက်၊ စစ်ကူအဖြစ် ရောက်ရှိနေသော တပ်မ ၅၅ မှ အရာရှိ ၉၈ ယောက် ၊ တပ်သားနှင့် အမှုထမ်း ၇၅၂ ယောက် ၊ လက်နက်အားဖြင့် ပစ္စတို ၃၀ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၈၅၀ လက် ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် ဒကစအတွင်းရှိ စကခ ၁၄ မှ အရာရှိ ၂၅ ဦး ၊ တပ်သားနှင့် အမှုထမ်း ၂၃၃ ဦး ၊ လက်နက်အားဖြင့် ပစ္စတို ၁၅ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၂၁၀ လက်၊ တမဟ ၁၆ မှ အရာရှိ ၁၀ ဦး၊ တပ်သားနှင့် အမှုထမ်း ၇၀ ဦး၊ လက်နက်အားဖြင့် ပစ္စတို ၆ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၇၄ လက်၊ စကခ ၁၂ မှ အရာရှိ ၁၅ ဦး ၊ တပ်သားနှင့် အမှုထမ်း ၉၀ ဦး ၊ ပစ္စတို ၈ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၈၀ လက်၊ ဇနီး၊ သားသမီးများအပါအဝင် တပ်မိသားစု – တပ်အိမ်ထောင် မိသားစုဝင် ၁,၆၀၁ ဦး၊ စုစုပေါင်း အရေအတွက်အားဖြင့် တပ်ဖွဲ့ဝင် နှင့် တပ်မိသားစုဝင် အားလုံး စုစုပေါင်း ၃,၇၂၄ ဦးကို လိုရာ ခရီးသွားနိုင်ရေး စီစဉ်ပေးနေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *