လေ့ကျင့်ရုံလေးရှိသေးတာနော်(ရုပ်သံ)

ကော့ကရိတ်မြို့ ရှေ့တန်းစစ်မျက်နှာမှ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ် (ရုပ်/သံ)

+++++++++++++++++++++

ဇန်နဝါရီ ၇ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ရှေ့တန်းစစ်မျက်နှာတစ်ခုမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲ ထားတဲ့ နေရာကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon UG Associationမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က Yangon UG Association ရဲဘော်တွေဟာ PDF မဟာမိတ်စစ်ကြောင်းနဲ့ ပူးပေါင်းပြီး ကော့ကရိတ်မြို့ ရှေ့တန်းတစ်နေရာမှ အကြမ်းဖက်စစ် တပ်နဲ့ ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။

မြို့ပြပြောက်ကျားရဲဘော်များက အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ၄၀ မမ ဗုံး သီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၅ လုံးဟာ ရန်သူတပ်စွဲထားတဲ့ နေရာတွေကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ယခုစစ်ဆင်ရေးဖော်ဆောင်မှုက မြို့ပြမှာ စစ်ဆင်ရေးဖော်ဆောင်ရာအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်တဲ့ “တိုက်ရင်းလေ့ကျင့် လေ့ကျင့်ရင်းတိုက်” ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

+++++++++++++++++++++
ဇန်နဝါရီ ၇ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *