အနားကတစ်ဖဝါးမှမခွာပဲ မိသားစုအပေါ်ဂရုစိုက်ပြုစုပေးတဲ့ ချစ်ဇနီးအကြောင်းကို ကြွားလုံးထုတ်လိုက်ပြန်တဲ့ ပိုးကြာဖြူခင်ရဲ့ခင်ပွန်း

ပိုးကြာဖြူခင် ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိ ထားတဲ့ ပရိသတ် အချစ်တော် မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ သူမပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေတိုင်းလိုလိုမှာ မှတ် တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တဲ့အထိကို အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ အထိ အနုပညာစွမ်းရည်ပြည့်ဝလှတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပိုး ကြာဖြူခင်ကတော့သိပ်မကြာခင် ဧပြီလမှာ သူမကို တန်ဖိုးထားတဲ့ ကလေး(၃) ယောက်အဖေနဲ့ရုတ်တရက်ဆိုသလို လက်ထပ်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အံ့ အားသင့်ပြီး ဝေဖန်ပြစ်တင်တာတွေကို အကြီးအကျယ်ခဲ့ရပါတယ်။ ပိုး ကြာဖြူခင်ရဲ့ ခင်ပွန်းကတော့ ဝေဖန်ခံရတဲ့ဇနီးသည်အတွက် အကော င်းဆုံးခင်ပွန်း အဖြစ်ရှိနေပေးခဲ့ပါတယ်။

ပိုးကြာဖြူခင်ရဲ့ ခင်ပွန်းဟာ ချစ်ဇနီးလေးရဲ့အကြောင်းတွေပုံတွေကို အမြဲတင်ပေးလေ့ရှိသူဖြစ်ပြီးအခုတစ်ခါမှာတော့ မင်္ဂလာသက်တမ်းငါးလပြည့်နေ့လေးမှာ ချစ်ဇနီး လးကို အမွှန်းတင် ချီးကျူးခဲ့တာဖြစ်ပါတယ်။ ပိုးကြာဖြူခင်ရဲ့ ခင်ပွန်း က သဲသဲရေဒီနေ့ကကိုကိုတို့ရဲ့မင်္ဂလာသက်တမ်း ၅လပြည့်ကိုကို့အတွ က်ဇနီးကောင်းတွဲကလေးတွေအတွက်မိခင်ကောင်း အဖေအမေအတွ က်ချွေးမကောင်းမမိသားစုရဲ့လိုအပ်ချက်တိုင်းကိုအပင်ပန်းခံကိုကို့အနားကနေတစ်ဖဝါးမခွါဂရုတစိုက်အမြဲရှိနေပေး လို့ကျေးဇူးပါဘုရားပေးတဲ့ဆုလာဒ်လေးချစ်တယ်နော်” ဆိုပြီး သူ့ရဲ့ ဖေစ့်ဘုတ်အကောင့်မှာ တင်ပေးခဲ့တာဖြစ်ပါတယ်။

ပိုးကြာဖြူခင် ရဲ့ ခင်ပွန်းဟာ သူ့ဇနီးကို ချစ်တဲ့အကြောင်းတွေတင်လွန်းတာကြောင့် ဇနီးကိုယ်တိုင်ကတောင် PK ကြူးလို့နာမည်ပြောင်ပေးထားရတာပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်ရဲ့ခင်ပွန်းဟာ ပိုးကြာနဲ့လက်ထပ်ပြီးနောက် အကြောင်းအမျိုးမျိုးနဲ့ အမြဲလိုဝေဖန်တို က်ခိုက်ခံနေရပေမယ့် ချစ်ဇနီးလေးကိုတော့ တစ်စက်ကလေးမှ အချစ် အလျော့ပဲအွန်တိုင်းမှာစာတွေရေးပြီးနေ့တိုင်းလို တင်ပေးနေတာပဲဖြစ် ပါတယ်။ ပိုးကြာဖြူခင်တို့ဇနီးမောင်နှံဟာ ပခုဆိုရင် မင်္ဂလာသက်တမ်း ၅ လပြည့်သွားပြီဖြစ်ပြီး ဘဝတစ်လျောက်လုံး ပျော်ရွှင်စွာနဲ့ရွှေလက် တွဲနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Credit

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *