18.9.2023 မိုးလေဝသ အခြေအနေ

ရခိုင်ပြည်နယ် မွန်ပြည်နယ် ကယားပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ နေရာစိပ်စိပ်မိုးကြီးနိုင်ပါတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း မကွေးတိုင်း မန္တလေးတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာလည်း နေရာစိပ်စိပ် မိုးရွာသွန်းပါမယ်။

လေဖိအားနည်းရပ်ဝန်းဟာ ၁၉ရက်နေ့မှာ အားအကောင်းဆုံး အနေအထားကိုရောက်ရှိလာမှာဖြစ်ပြီး ၂၂ရက်နေ့မှာ အားလျှော့သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ ၂၀ ရက်နေ့ဟာ မုန်းတိုင်းရဲ့ အကျိုးသက်ရောက်မှုအများဆုံး ရရှိမှာဖြစ်ပါတယ်။ မုန်တိုင်းမိုးမျှော်ရတဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးဆက်လက် များနေအုံးမှာဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း လေစိုင်ဝဲဟာဆိုရင် အိန္ဒိယနိုင်ငံအရှေ့ဖျား ဘင်္ဂလားနယ်စပ်နားကနေ ကုန်းတွင်းကို ဝင်ရောက်မယ်လို့ခန့်မှန်းထားကြပါတယ်။ လေဖိအားနည်း လေစိုင်ဝဲရဲ့ အရှိကြောင့် မြန်မာနိုင်ငံအနှံ့အပြား မိုးရွားသွန်းမှာဖြစ်ပါတယ်။



Be the first to comment

Leave a Reply

Your email address will not be published.


*