အတေစားရင်းပါဖျောက်နေပြီ

စစ်ကောင်စီက ရှေ့တန်းတွင် သေဆုံးသည့် အရာရှိနှင့် စစ်သည်များ၏ သတင်း ကို ကျန်ရစ်သူ မိသားစုများကို အသိပေး အကြောင်း ကြားမှု မပြုလုပ်တော့၊ နာရေးသတင်းများကြောင့် တပ်ပြေးများလာမှုကို ကာကွယ်ရန်ဟု တပ် အသိုင်း အ၀ိုင်းသုံးသပ်ရန်ကုန်၊ ဇန်နဝါရီ ၉ အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မြေပြင်များတွင် စစ်သည်နှင့်အရာရှိ များ သေဆုံးမှုများပြားလျက်ရှိရာ ကျဆုံးသွားသော အရာရှိနှင့်စစ်သည်များ၏ ကွယ်လွန်မှုသတင်းကို ကျန်ရစ်သူ မိသားစုများထံသို့ အသိပေး အကြောင်း ကြားမှု မပြုလုပ်တော့ဟု တပ်တွင်သတင်းရင်းမြစ် တချို့က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီ၏ တပ်များအတွင်းတွင် အရာရှိနှင့်စစ်သည်များ တပ်ရင်း အလိုက် အစုလိုက်အပြုံလိုက် သေဆုံးမှုများ၊ ပျောက်ဆုံးမှုများ များပြား လာကြောင်း၊ ထိုသို့ များပြားလာသည့် အခြေအနေများကို နောက် တန်းရှိ ကျန်ရစ်သူ မိသားစုများထံသို့ အကြောင်းကြားတိုင်း လက်ကျန် ရှိရင်းစွဲ စစ်အင်အားများပါ ထွက်ပြေးကြသဖြင့် စစ်သား ပြုန်းတီးမှု ရာခိုင်နှုန်း အလွန် မြင့်တက် လာနေကြောင်း သိရှိရသည်။ “ဒီလောက်ကိုင်တိုက်ပွဲမှာ ကျတဲ့ စကခ ၁၂ က တချို့ အရာရှိ ဗိုလ်ကြီးတွေနဲ့ စစ်သည်တွေရဲ့ ကျဆုံးမှုသတင်းကို ကျန်ရစ်သူ မိသားစုကို ပေးမသိဘူး။ မိသားစုကလည်း တပ်က တရားဝင် အကြောင်းကြားမဟုတ်ဘဲ ရှေ့တန်း မှာရှိတဲ့ ရဲဘော်တွေကို ဆက်သွယ်ပြီးမှ သိရတာ။ နာရေးသတင်းတောင် ပေးမသိတာကတော့ ကျန်ရစ်သူမိသားစုအတွက် ရက်စက် လွန်းရာ ကျ တယ်ဆိုပြီး တပ်အသိုင်းအ၀ိုင်းဘက်မှ‌ာ ဝေဖန်တာတွေအရမ်းများနေပြီ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ အလားတူ အကြမ်းဖက် မင်းအောင်လှိုင်က လက်ရုံးတပ်တစ်ခုဖြစ်သည့် “တပ်မတော် သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ် ”(သသန) လက်အောက်ခံ တပ်များကိုလည်း ရှေ့တန်းစစ်မြေပြင်ထွက်ခိုင်းပြီး တိုက်ပွဲတွင် အရာရှိနှင့် စစ်သည်တချို့ သေဆုံးသွားချိန် ကျန်ရစ်သူ မိသားစုထံ ပေးမသိကြောင်း သိရှိရသည်။ “ပြင်ဦးလွင် သသန က ကျတာ ၃ ယောက် ရှိတယ်။ အဲဒါ ဘယ်သူတွေကျလဲ လိုက်မေးတာ မရသေးဘူး။ သက်ဆိုင်တဲ့ မိသားစုတွေလည်း သိခွင့်မရဘူး။ တပ်ပြေးတွေ များလာမှာစိုးလို့။ တပ်ထဲမှာ တစ်ယောက်သေတယ်ကြားတိုင်း ၊ နာရေးတွေ ဖြစ်တိုင်း စစ်သည် အရာှိတွေက ထွက်ပြေးနေကြတာ” ဟု သသန တပ်သတင်း ရင်းမြစ်တစ်ခုက ရှင်းပြသည်။ အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မြေပြင်တွင် တိုက်ခိုက်ရေးတပ်များ သေဆုံးမှုများပြားနေသည့်အတွက် အင်ဂျင်နီယာတပ်၊ ဆေးတပ်၊ မွေးမြူရေး တပ်၊ ကပစတပ်များအပါအဝင် လက်ရုံးတပ်များအားလုံးကို ရှေ့တန်းစစ် မြေ ပြင် သို့ အတင်းအဓမ္မစေလွှတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *