မြင်းခြံမြို့တွင်စခ၅ကောင်ပျားတုတ်ခံရ

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံး၊ ကုက္ကဲရဲစခန်းနှင့် ကျောက်ကန်ရွာရှိ ပျူစောထီးနေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံးရန်ကုန်၊ ဇန်နဝါရီ ၉ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ဇန်နဝါရီလ ၆ ရက် နံနက် ၇ နာရီ မိနစ် ၃၀ ဝန်းကျင်ခန့်က နွားထိုးကြီးမြို့နယ်၊ မင်းရွာမှ အင်အား ၆၀ ကျော် ဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မြင်းခြံမြို့နယ်၊ ပျားရွာအနီး အရောက် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများ ကို အနီးရှိ နေအိမ်များထံသို့ ထမ်းစင်များဖြင့် သယ် ဆောင် သွားကာ ကျန်အကြမ်းဖက်စစ်သားများက ရွာ၏ မြောက်ဘက်သို့ ဆက်လက်ထွက်ခွာသွား ကြောင်း သိရသည်။သေဆုံးဒဏ်ရာရရှိသူများကို စောင့်ရန် ကျန်ရှိနေခဲ့သည့် စစ်ကောင်စီ တပ်သားများသည် အနီးအနား ရှိ နေအိမ်များ အတွင်း ဝင်ရောက်ရှာဖွေကာ တွေ့သမျှ ဆိုင်ကယ်များ၊ တာယာ၊ ကျွတ်၊ ဆီပိုက်များ ကို ဓာတ်ဖြင့် ခုတ်ဖြတ်ဖျက်ဆီးကာ ထမင်းဟင်းများ ချက်စားပြီး ညနေပိုင်းအချိန် တောနင်းထွက် သွားသည့် စစ် ကောင်စီတပ်သားများ ပြန်လည်ရောက်ရှိလာမှ ပြန်လည် ထွက်ခွာသွားခြင်းဖြစ် ကြောင်း သိရသည်။ထိုသို့ ပြန်လည် ထွက်ခွာစဉ် သေဆုံးဒဏ်ရာရ စစ်ကောင်စီတပ်သား အလောင်းများကို နွားလှည်း တစ်စီးဖြင့် ကူကုန်းရွာနှင့် မင်းရွာကြားအထိ သယ်ဆောင်သွားကာ မြင်းခြံမြို့ပေါ်မှ လာရောက်ခေါ် ဆောင်သည့် ကား ၂ စီးဖြင့် ဆက်လက်သယ်ဆောင်သွားကြောင်း သိရသည်။အလားတူ နွားထိုးကြီးမြို့နယ်၊ ကုက္ကဲရဲစခန်းနှင့် ကျောက်ကန်ကျေးရွာရှိ ပျူစောထီးနေအိမ်များကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျား တပ်ဖွဲ့(မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ဇန်နဝါရီလ ၇ ရက် နံနက် ၈ နာရီခွဲခန့်က မြိင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ဗုံးသီး ၃ လုံး၊ မွန်းတည့် ၁၂ နာရီခန့်တွင် ကျောက်ကန်ရွာ ပျူစောထီး လှမိုး၏ နေအိမ်ကို ဗုံးသီး ၃ လုံး၊ ကျောက်ကန်ရွာ ပျူကင်း တဲကို ဗုံးသီး ၁ လုံး ကျဲချဲချ တိုက်ခိုက်ခဲ့ရာ ကုက္ကဲရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။“ကျောက်ကန်ရွာကတော့ စုံစမ်းလို့မရဘူး၊ ကုက္ကဲရဲစခန်းကတော့ စုံစမ်းလို့ရတယ်၊ ကားဂိတ်နားက စလစ်ပြင်ပေါ်မှာ တက်ပြီး နေပူစာလှုံနေတဲ့ ခွေး ၈ ကောင်ကို ၆၀၀ ဂရမ်မိုင်းသီးနဲ့ချတာ၊ Fix Wings ဒရုန်းနဲ့ပေါ့၊ အဲဒီအပေါ်တည့်ကျတယ်၊ အထိအခိုက်ကတော့ ၈ ကောင်လုံးအထိအခိုက်ရှိတယ်၊ သေ တာကတော့ ၂ ကောင်ပဲ သေတယ်။ သူတို့ဘက် ၄၀ မမ တစ်လုံးကျနော်တို့နားကျအောင်ပစ်တယ်၊ အေးဆေးပဲ အန္တရာယ်ကင်းပါတယ်” ဟု နဂါးနီပြောက်ကျား တပ်ဖွဲ့(မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပျောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့ ပူး ပေါင်းကာ Fix Wings ဒရုန်းလေယာဉ်ငယ်များ အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *