နမ့်ဆန်မြို့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်း ထွန်း(ရုပ်သံ)

နမ့်ဆန်မြို့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်း ထွန်း ကို TNLA က ဖမ်းဆီးထား

■ မင်းအောင်လှိုင်၊ စိုးဝင်းတို့ အနေဖြင့် လက်ရှိ ဆင်နွှဲနေသည့် ကျူးကျော် စစ် ရပ် ရန်နှင့် စစ်ရာဇဝတ်မှုများ မကျူးလွန်ရန် မေတ္တာရပ်ခံ ပန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့မှ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို TNLA က ဖမ်းဆီးထားကြောင်း ထုတ် ပြန်လိုက်သည်။

ဗိုလ်မှူးချုပ် မင်းမင်းထွန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ စိုးဝင်းတို့ အနေ ဖြင့် လက်ရှိ ဆင်နွှဲနေသည့် ကျူးကျော်စစ်ရပ်ရန်နှင့် စစ်ရာဇဝတ်မှုများ မကျူး လွန်ရန် မေတ္တာရပ်ခံပန်ကြားလိုက်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို TNLA တပ်များက သိမ်းပိုက်ပြီးနောက် စစ်ဗျူ ဟာကုန်းတွင် စစ်ကူများ အပါအဝင် စစ်ကြောင်းများကို အထိုင်ချ ကွပ် ကဲနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

“စစ်ခေါင်းဆောင်ကြီးများ ယခုကျူးလွန်နေတဲ့ လုပ်ရပ်ကို ရပ်တန့်ပေးဖို့ ကျနော် အနေနဲ့ ပြောလိုပါတယ်” ဟု ဖမ်းဆီးခံ ဗိုလ်မှူးချုပ် မင်းမင်းထွန်းက ပြောဆိုသည်။

ပြည်သူများကို လက်နက်ကြီး ပစ်ခတ်မှု နှင့်လေ ကြောင်းတိုက် ခိုက်မှုများ အတွက် ၎င်းတွင် တာဝန်ရှိကြောင်း ဗိုလ်မှူးချုပ် မင်းမင်းထွန်းက တအာင်း ပြည်သူ များကို ဝန်ချတောင်းပန်သည်။

“ယနေ့မြန်မာပြည့်အနှံပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် မြန်မာ့တပ် မတော်အနေ နဲ့ မြန်မာပြည်တိုင်းရင်းသား ပြည်သူလူထုကို ကြမ်းတမ်းရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အကျဉ်း ချခြင်းများ ရှိနေပါ တယ်၊ ဒါ့အပြင်လေကြောင်းက တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများနဲ့ လူထုကို ပစ် ခတ် ချေမှုန်းခြင်း၊ စတဲ့စစ်ရာဇဝတ်မှုမျိုးစုံကို လည်းကျူးလွန် နေပါတယ်။ ဒါကြောင့် စစ်ရာဇဝတ်မှု မျိုးစုံ ကို ကျူးလွန်နေတဲ့ မြန်မာ့ တပ်မ တော် စစ်ခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ တပ်မတော် ကာ ကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နဲ့တကွ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နဲ့ ကျန်စစ်ခေါင်းဆောင်ကြီးများ အားလုံးကိုလည်း ယခုကျူးလွန်နေတဲ့ လုပ်ရပ်ကို ရပ်တန့်ပေးဖို့ မြန်မာပြည်သူများအားလုံးကိုယ် စား ကျနော့်အနေနဲ့ ပြောလိုပါတယ်။”ဟု တပ်မ ၁၀၁ တပ်မှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုဖွဲ့ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ် ပြီး တိုင်းရင်းသားလူ မျိုးများအနေဖြင့် ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးကို ကာကွယ်ရန် လွတ်မြောက်ရေးတိုက်ပွဲဝင်နေကြ ကြောင်း၊ ထို့အပြင် စစ်အာဏာရှင်ကို မလိုလားသဖြင့် တစ်နိုင်ငံရှိ ပြည်သူလူထုကလည်း နည်း လမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်နေကြကြောင်း၊ ထိုသို့ တိုက်ပွဲဝင်ရင်း ပုံစံအမျိုးမျိုးဖြင့် ကျဆုံးသွား သူများကို ဝန်ချတောင်းပန်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ပြည်တွင်းစစ်ဖြစ်ပွားနေသည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပြည်တွင်းစစ် အဆုံးသတ်ရန် လက်ရှိ တာဝန်ထမ်းဆောင်နေကြဆဲဖြစ်သည့် တပ် ရင်း၊ တပ်ဖွဲ၊ ဌာနဆိုင်ရာ အရာရှိ များ၊ အရာရှိအရာခံအကြပ်စစ်သည်များအနေဖြင့် ပြည်သူ့အကျိး ကို ရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းက တိုက်တွန်း ထားသည်။

“ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ရေးရပြီးချိန်ကစပြီးတော့ တိုင်းရင်း သားလက်နက် ကိုင် တွေနဲ့ မြန်မာ့တပ်မတော်ကြားဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်တွေနဲ့ပဲ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့် နေပြီဖြစ် ပါတယ်၊ ဒါကြောင့် ပြည်တွင်း စစ်တွေကို အဆုံးသတ်ဖို့လိုအပ်‌နေပြီဖြစ်ပါတယ်။ ဒီလို ပြည်တွင်း စစ်တွေဖြစ်ပွားနေတဲ့ နိုင်ငံ ဟာအဖက်ဖက်ကနေ ဖွံ့ဖြိုးတိုးတက်မှု နောက် ကျနေ ပါတယ်၊ ကမ္ဘာ့အလယ်မှာလည်းမျက်နှာမဖော်ဝံ့လောက်အောင် ဖြစ်နေပါတယ်။ ဒါကြောင့် ပြည် တွင်း စစ်ကို အဆုံးသတ်ဖို့ဆိုရင် တပ်ရင်း တပ်ဖွဲ့ ဌာနအသီးသီး နေရာအသီးသီးမှာ တာဝန် ထမ်း ဆောင်လျက်ရှိနေ ကြတဲ့ မြန်မာ့တပ်မတော်က အရာရှိ ၊ အရာခံ အကြပ်စစ်သည်များအနေနဲ့ ပြည်သူ လူထုရဲ့အကျိုးကို ရှေ့ရှုပြီးတော့မှ ပြည်တွင်းစစ်တွေကို ဆင်နွှဲနေမယ့် အစား ပြည်သူ့အကျိုးကို ငှဲ့ပြီးတော့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူနဲ့ပူးပေါင်း ကြဖို့ ကျနော့်အနေနဲ့ ပန်ကြားလိုပါတယ်။” တပ်မ ၁၀၁ တပ်မှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းက တိုက်တွန်းပြောကြားသည်။

ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် လေယာဉ်ဖြင့် ဗုံးကျဲမှုတို့ ကြောင့် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရ မှုအတွက် တောင်းပန်ကြောင်း၊ ၎င်းတွင် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ဝန်ချတောင်းပန်လိုကြောင်း ၎င်းက ဆိုသည်။

“နမ့်ဆန်ဒေသဖြစ်စဉ်တွေမှာ တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ် ခတ်မှု လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၁၂ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာရတာ ၊ အိမ် ၁၃၁ လုံး ပျက်စီးဆုံးရှုံးတယ်လို့ သိရှိရပါ တယ်။ အဲဒီအတွက်လည်း များစွာ စိတ်မကောင်းဖြစ်ရကြောင်း ကျနော့်အနေနဲ့ ပြောလိုပါတယ်။ ကျနော့်အနေနဲ့ ဒေသခံပြည်သူနဲ့နေအိမ်တွေ ထိခိုက် ပျက်စီး စေလိုတဲ့ ရည်ရွယ်ချက်မရှိကြောင်းကို ကျနော့်အနေနဲ့ ဝန်ခံပါတယ်။ ဝန်ခံ ကြောင်း ပြောလိုပါတယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု လေယာဉ်ဗုံးကျဲမှု တွေဟာ တချို့တွေက ပစ်မှတ်တွေ အပေါ်မှာ တိကျမှုမရှိခြင်း ကြောင့် ပျက်စီး တယ်လို့ ဒီလိုထိခိုက်ဒဏ်ရာရတယ်လို့ ရိုးသားစွာ ဝန်ခံ ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဒေသတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ ဒီဒေသမှာ တာဝန် ထမ်းဆောင် တဲ့ကျနော့်မှာ တာဝန်အရှိဆုံးဖြစ်ပါတယ်၊ ဒါ့ကြောင့် ဒီဒေသမှာ နေထိုင်တဲ့ တအာင်းပြည်သူလူထုအားလုံးကို ဝန်ချတောင်းပန်လိုကြောင်း ပြောလိုပါတယ်” ဟု ၎င်းက တောင်းပန်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နမ့်ဆန်မြို့သိမ်းတိုက်ပွဲကို TNLA က စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ တိုက်ခိုက်ခဲ့ရပြီး တပ်မ ၁၀၁ မှ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်း အပါအဝင်အရာရှိ၊ စစ်သည် အများ အပြားကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

(ဗိုလ်မှူးချုပ် မင်းမင်းထွန်း၏ ဝန်ခံ တောင်းပန်ချက် အပြည့်အစုံကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *