မြိတ်မွှင်းခါး၄ပွဲ

မြိတ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာနှင့် ခုံမော်ကျေးရွာကြားတွင် အကြမ်းဖက် စစ် တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် ညနေ ၄ နာရီခန့်က မြိတ်မြို့မှ အင်အား ၇၀ ခန့်ဖြင့် ခြေလျင်ထွက် လာသော အကြမ်းစစ်ကောင်စီတပ်သားများကို တဂံတောင်ပုကျေးရွာနှင့် ခုံမော်ကျေးရွာကြားအ ရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေ ဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တပ်ဖွဲ့ဝင်များ၊ တောပုံး ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(တနင်္သာရီ-ပကဖ) ၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ နှင့် တနင်္သာရီတိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် နှင့် မြိတ်မြို့နယ် လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရှိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လာနိုင်သဖြင့် ဒေသနေ မိဘပြည်သူများ၊ ခရီးသွားပြည်သူများ အနေ ဖြင့် ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသောသတိပေး ထုတ်ပြန်ချက်များကို လိုက်နာပေးကြရန် အသိပေးထားသည်။

ၿမိတ္ၿမိဳ႕နယ္တြင္ စစ္တပ္စစ္ေၾကာင္းကို မိုင္းဆြဲတိုက္ခိုက္မႈ စစ္သား ၄ ဦးေသဆုံး
ရန္ကုန္၊ ဇန္နဝါရီ ၁၁
တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕နယ္၊ တဂံေတာင္ပုေက်း႐ြာႏွင့္ ခုံေမာ္ေက်း႐ြာၾကားတြင္ အၾကမ္းဖက္ စစ္ တပ္စစ္ေၾကာင္းကို မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၄ ဦးေသဆုံးခဲ့ေၾကာင္း ကြၽန္းစုၿမိဳ႕ နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ – ပကဖ မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။
ယမန္ေန႔ ဇန္နဝါရီလ ၁၀ ရက္ ညေန ၄ နာရီခန႔္က ၿမိတ္ၿမိဳ႕မွ အင္အား ၇၀ ခန႔္ျဖင့္ ေျခလ်င္ထြက္ လာေသာ အၾကမ္းစစ္ေကာင္စီတပ္သားမ်ားကို တဂံေတာင္ပုေက်း႐ြာႏွင့္ ခုံေမာ္ေက်း႐ြာၾကားအ ေရာက္ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕မွ မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၄ ဦးေသ ဆုံးၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခိုက္မႈကို ကြၽန္းစုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ – ပကဖ တပ္ဖြဲ႕ဝင္မ်ား၊ ေတာပုံး ႀကီး ျပည္သူ႔ကာကြယ္ေရးအဖြဲ႕(တနသၤာရီ-ပကဖ) ၊ ပုေလာၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕-ပကဖ ႏွင့္ တနသၤာရီတိုင္းလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕ဝင္မ်ား အထိအခိုက္မရွိ ေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရသည္။
တနသၤာရီၿမိဳ႕နယ္ ႏွင့္ ၿမိတ္ၿမိဳ႕နယ္ လမ္းပိုင္းတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ား ရွိေနၿပီး တိုက္ပြဲမ်ား ဆက္လက္ျဖစ္ေပၚလာႏိုင္သျဖင့္ ေဒသေန မိဘျပည္သူမ်ား၊ ခရီးသြားျပည္သူမ်ား အေန ျဖင့္ ကာကြယ္ေရးအဖြဲ႕မ်ားမွ ထုတ္ျပန္ထားေသာသတိေပး ထုတ္ျပန္ခ်က္မ်ားကို လိုက္နာေပးၾကရန္ အသိေပးထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *