ဘီးလင်းဆော်နေကြပြီ

ဘီလင်း ဝင်းတာပန်စခန်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ဇန်နဝါရီလ ၁၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ဝင်းတာပန်စခန်းတိုက် ပွဲဟာ အချိန်တစ်လကြာတဲ့အထိ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ KNU သထုံခရိုင်က သိရပါတယ်။

အင်အား ၆၀ ကျော် တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်စခန်းဖြစ်တဲ့ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၃ ရက်နေ့ကစလို့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့ တော်လှန် ရေး အင်အားစုပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲတွေဟာ ဇန်နဝါရီ ၁၃ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီစခန်းကို ဝိုင်းဝန်ပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ထားတယ်လို့ KNU သထုံခရိုင် တာ ဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း လာရောက်ပြုလုပ်သွားသလို ဒီဇင်ဘာနောက်ဆုံးအပတ်ကလည်း လေယာဉ်နဲ့ ရိက္ခာတွေအပြင် ခဲယမ်းတချို့ လာချသွားတဲ့အတွက် ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းခဲ့ပါတယ်။

အချိန်တစ်လကျော်ကြာဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ၇ ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များနိုင်ပေမယ့် အရေအတွက် အတိအကျ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝင်းတာပန်စခန်းဟာ ကရင်အမျိူးသားကာကွယ်ရေးတပ် KNDO ရဲ့ ထိန်းချုပ်နယ်မြေအတွင်း တည်ရှိနေတာဖြစ်ပြီး စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ် တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဝင်းတာပန်စခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရသေးပါဘူး။

ဓာတ်ပုံ-KNU

ဘီလင္း ဝင္းတာပန္စခန္းတိုက္ပြဲ ဆက္လက္ျဖစ္ပြားေန
ဇန္နဝါရီလ ၁၄
မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္ ဝင္းတာပန္ေက်း႐ြာအေျခစိုက္ စစ္ေကာင္စီရဲ႕ ဝင္းတာပန္စခန္းတိုက္ ပြဲဟာ အခ်ိန္တစ္လၾကာတဲ့အထိ ဆက္လက္ျဖစ္ပြားေနၿပီး ႏွစ္ဖက္ထိခိုက္ေသဆုံးတာေတြ ရွိေနတယ္လို႔ KNU သထုံခ႐ိုင္က သိရပါတယ္။
အင္အား ၆၀ ေက်ာ္ တပ္စြဲေနထိုင္တဲ့ စစ္ေကာင္စီ၊ BGF ပူးေပါင္းတပ္စခန္းျဖစ္တဲ့ ဝင္းတာပန္စခန္းကို ၿပီးခဲ့တဲ့ဒီဇင္ဘာ ၁၃ ရက္ေန႔ကစလို႔ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ KNDO နဲ႔ ေတာ္လွန္ ေရး အင္အားစုပူးေပါင္းအဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့တာပါ။
အဲဒီတိုက္ခိုက္မႈေၾကာင့္ ႏွစ္ဖက္တိုက္ပြဲေတြဟာ ဇန္နဝါရီ ၁၃ ရက္ေန႔အထိ ဆက္လက္ျဖစ္ပြားေနၿပီး စစ္ေကာင္စီစခန္းကို ဝိုင္းဝန္ပိတ္ဆို႔ၿပီး ရိကၡာျဖတ္ေတာက္ထားတယ္လို႔ KNU သထုံခ႐ိုင္ တာ ဝန္ရွိသူတစ္ဦးက သံလြင္တိုင္းမ္ကို ေျပာပါတယ္။
တိုက္ပြဲကာလအတြင္း စစ္ေကာင္စီတပ္ကေန ေလေၾကာင္းတိုက္ခိုက္မႈ သုံးႀကိမ္ထက္မနည္း လာေရာက္ျပဳလုပ္သြားသလို ဒီဇင္ဘာေနာက္ဆုံးအပတ္ကလည္း ေလယာဥ္နဲ႔ ရိကၡာေတြအျပင္ ခဲယမ္းတခ်ိဳ႕ လာခ်သြားတဲ့အတြက္ ပူးေပါင္းတပ္ဖြဲ႕ေတြက သိမ္းဆည္းခဲ့ပါတယ္။
အခ်ိန္တစ္လေက်ာ္ၾကာျဖစ္ပြားေနတဲ့ ႏွစ္ဖက္တိုက္ပြဲအတြင္း ေတာ္လွန္ေရးအင္အားစုပူးေပါင္းတပ္ဖြဲ႕ဘက္က ၇ ဦး ထိခိုက္ဒဏ္ရာရရွိထားၿပီး စစ္ေကာင္စီဘက္က ထိခိုက္ေသဆုံးမႈ မ်ားႏိုင္ေပမယ့္ အေရအတြက္ အတိအက် စုံစမ္းေနဆဲ ျဖစ္တယ္လို႔ ဆိုပါတယ္။
ဝင္းတာပန္စခန္းဟာ ကရင္အမ်ိဴးသားကာကြယ္ေရးတပ္ KNDO ရဲ႕ ထိန္းခ်ဳပ္နယ္ေျမအတြင္း တည္ရွိေနတာျဖစ္ၿပီး စစ္ေကာင္စီရဲ႕ မဆုတ္တမ္းခံစစ္ တပ္စခန္းတစ္ခုလည္း ျဖစ္ပါတယ္။
ဝင္းတာပန္စခန္းတိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ရဲ႕ လက္နက္ႀကီးနဲ႔ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ေဒသခံ ၂၀၀၀ နီးပါး ထြက္ေျပးတိမ္းေရွာင္ေနရၿပီး လက္ရွိအခ်ိန္အထိ ေနရပ္မျပန္ရေသးပါဘူး။
ဓာတ္ပုံ-KNU

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *