AAတို့ကအလွတ်မပေးဘူး အကုန်အုပ်လိုက်ပြီ

Update-ရသေ့တောင်တွင် တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်ကို AA ကြားဖြတ်တိုက်ခိုက် ၁၀၀ အရှင်ဖမ်းဆီး၊ ရေစိုးချောင်းဗျူဟာကုန်းမှ ဗျူဟာမှူးပါဝင်ဇန်နဝါရီလ ၁၆ရခိုင်ပြည် ရသေ့တောင်မြို့နယ်မှာ စခန်းစွန့်ခွာလာသော စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် AA မှ ကြားဖြတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အချို့ သေဆုံးခဲ့ပြီး ၁၀၀ ကျော် အရှင်ဖမ်းမိထားကြောင်း AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။ စခန်းစွန့်ခွာလာသော စစ်ကောင်စီတပ်သားများမှာ လက်နက်ချ အလင်းဝင်လာခြင်းမဟုတ်ဘဲ လာခေါ်သည့် နေဗီ (စစ်ရေယာဉ်) ၄ စီးထံသို့ သွားရောက်ရန် မညှင်းတောင်ကျေးရွာမှ ထွက်ခွာစဉ် AA မှ လေးဘက်လေးတန် ပိတ်ဆို့၍ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၅ ရက်နေ့က ဖမ်းဆီးထားသော စစ်ကောင်စီတပ်သား ၁၀၀ ကျော်ထဲတွင် ရေစိုးချောင်းဗျူဟာကုန်းမှ ဗျူဟာမှူးအပါအဝင် အရာရှိတပ်သားအများ အပြားပါဝင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “အမျက်တောင်နဲ့ ရေစိုးချောင်းဗျူဟာကုန်းက တပ်သားတွေဟာ တနေ့က နေ့လယ်လောက်က မညှာင်းတောင်တပ်သို့ ပူးပေါင်းကြတယ်။ မနေ့ မနက်မှာတော့ ပူပေါင်းလာတဲ့ တပ်သားတွေနဲ့ မညှင်းတောင်စခန်းက တပ်သားတွေအားလုံးကို ခေါ်ဖို့ ဇက် (နေဗီ) ၄ စီး ရသေ့တောင်မြို့ဘက်က တက်လာတယ်။ နံနက် ၁၁ နာရီလောက်မှာ တပ်သားတွေက ရွာထဲက ထွက်ကြတယ်။ အဲဒီအချိန်မှာ AA က ပိတ်ဆို့ပြီး ဖမ်းဆီးလိုက်တာ။ သူတို့က လက်နက်ချ အလင်းဝင်လာတာ မဟုတ်ဘူး။ AA က တိုက်ခိုက်ဖမ်းဆီးလိုက်တာ” ဟု ပြောသည်။ အဆိုပါ တပ်သား ၁၀၀ ကျော်မှာ တိုက်ခိုက်ခံရ၍ အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာသူ အနည်းရှိခဲ့ကြောင်းနှင့် လက်နက်ခဲယမ်း ၁၀၀ ကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း လက်ရှိတွင် ၎င်းတို့ကို လုံခြုံသော နေရာများသို့ AA က ခေါ်ယူသွားပြီဟု သတင်းရင်းမြစ်က ဆိုသည်။ တပ်သားများအား ခေါ်ယူရန် လာသော စစ်ကောင်စီ နေဗီ (ဇက်) ၄ စီးမှာလည်း ထီးစွဲကျေးရွာအထိ ရောက်ရှိခဲ့ပြီး တပ်သားများအားလုံး AA ထံ ဖမ်းဆီးခံလိုက်ရသည့် သတင်းကြောင့် ရသေ့တောင်မြို့ဘက်သို့ ပြန်လည်ဆင်းသွားကြပြီဟု ဒေသခံများက ပြောဆိုကြသည်။ မညှင်းတောင်ကျေးရွာအနီးရှိ ရေစိုးချောင်းဗျူဟာကုန်းကို AA မှ ယမန်နေ့ ဇန်ဝါရီလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီတိတိတွင် တိုက်ခိုက်သိမ်းပြီးနောက် ဗျူဟာမှူးအပါအဝင် တပ်သားများအားလုံးမှာ မညှင်းတောင်ကျေးရွာ တပ်စခန်းသို့ ပူးပေါင်းသွားကြခြင်းဖြစ်သည်။ ရေစိုးချောင်းကျေးရွာအနီးတောင်ပေါ်ရှိ ရေစိုးချောင်းဗျူဟာကုန်းသည် ရခိုင်ပြည်သူလူထုအား နှစ်ရှည်လများ ဒုက္ခပေးနေသော ဗျူဟာကုန်းတစ်ခုဖြစ်ပြီး ရက္ခိုင့်တပ်တော် AA မှလည်း ယင်းဗျူဟာကုန်းကို နှစ်ရှည်လများ ဝိုင်းဝန်းပိတ်ဆို့ထားသည့် ဗျူဟာကုန်းလည်းဖြစ်သည်။ ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်က စစ်ကောင်စီ တပ်သားများအနေဖြင့် မသေလိုလျှင် အလံဖြူထောင်ရန်နှင့် ထွက်ပြေးလိုလျှင် လမ်းဖွင့်ပေးပါ ခွင့်တောင်းရန်ဟု တွစ်တာ လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ ထုတ်ဖော်သတိပေးလိုက်သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်၀ဒေသတစ်ခုလုံးကို AA က အလုံးစုံသိမ်းပိုက်လိုက်ပြီးနောက် ယင်းကဲ့သို့ သတိပေးပြောဆိုလာခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ရခိုင်ပြည်အတွင်း စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များအားလုံးကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ နှစ်အတွင်း မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်အနီး သွားလာနေသည့် စစ်ကောင်စီ တပ်သားများအား တွေ့ရစဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *