သိန္နီမြို့သိမ်းတိုက်ပွဲတွင် PLA ရဲဘော် ၁၂ ဦး ကျဆုံးခဲ့
ဇန်နဝါရီ ၁၆ ရက်
၁၀၂၇ စစ်ဆင်ရေးအဖြစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ဆင်နွဲခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့သိမ်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်တပ်များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မှ ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
PLA မှ ရဲဘော် သခွား၊ ရဲဘော် ဇနက၊ ရဲဘော် ဂျစ်ဂျစ်၊ ရဲဘော် သုခ၊ ရဲဘော် မိုးအောင်၊ ရဲဘော် ကောင်းကင်၊ ရဲဘော် သူရ၊ ရဲဘော် ဝက်သိန်း၊ ရဲဘော် စိန်လွင်၊ ရဲဘော် ဝကြီး၊ ရဲဘော် ကျားလေး၊ ရဲဘော် အောင်ဆန်း တို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PLA မှ သိရသည်။
၎င်းတို့ကို သိန္နီတိုက်ပွဲအာဇာနည်များအဖြစ် သတ်မှတ်ကြောင်း PLA က ကြေညာထားသည်။
၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ်နှင့်အတူ PLA ၊ BPLA ၊ KNDF တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။