ခဝေး၃၀နဲ့ ပြည်သူ့ကြယ်၈လုံးမတန်လိုက်တာ

တီးတိန်၊ စစ်ကောင်စီ၏ သိုင်းငင်းစခန်းသိမ်း တိုက်ပွဲမှ ရဲဘော်စစ်သည်များကို ပြည်သူများက သောင်းသောင်းဖျဖျကြိုဆို၊ သိုင်းငင်းစခန်းမှ စစ်ကောင်စီ တပ် ဖွဲ့ဝင်များကို လက်နက် ချခိုင်းသော်လည်း မချ၍ စခန်းရှိ စစ်သားများအားလုံး တစ်ဦးမကျန် သေဆုံး

ဇန်နဝါရီ ၁၇

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စစ်ကောင်စီ၏ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှ ရဲဘော် စစ်သည်များကို ပြည်သူများက သောင်း သောင်းဖျဖျကြိုဆိုကြကြောင်း ဒေသသတင်းရင်းမြစ် The Chin Journal က ဖော်ပြသည်။

သိုင်းငင်း စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲမှ အောင်မြင်မှုနှင့် ပြန်လာကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြည်သူများက အောင်သပြေ ပန်းကုံးများဖြင့် ကြိုဆိုကြပြီး လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ချင်းပြည်နယ်၊ တီးတိန်းမြို့နယ်၊ သိုင်းငင်း ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် အဆိုပါ စခန်း ရှိ စစ်ကောင်စီတပ်သားများ အားလုံး သေဆုံးခဲ့ပြီး တိုက်ပွဲတွင် စစ်သား များ လက်နက်ချရန် ချင်းတော်လှန်ရေးတပ်များက ပြောဆိုခဲ့ကြောင်း၊ သို့ရာ တွင် စစ်ကောင်စီတပ်သားများက ခေါင်းမာစွာဖြင့် ခုခံခဲ့သဖြင့် အားလုံး သေဆုံး ခဲ့ကြ ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“စခန်းကို ပတ်ပတ်လည် ၀ိုင်းပြီးတဲ့အချိန်မှာ လက်နက်ချဖို့ ကျနော်တို့က ပြော တယ်။ ဒါပေမယ့် စစ်သားတွေက လက်နက်မချဘူး ဆက်တိုက်ပါဆိုပြီး ပြောတယ်။ စခန်းထဲမှာ အားလုံး သေပါတယ်။ တစ်ဦးမှ အသက်မရှင်ဘူး။ ထွက်ပြေးနိုင်သူလည်းမရှိဘူး” ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြ သည်။

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၃၀ သေဆုံးပြီး ချင်းကာကွယ်ရေးပူး ပေါင်းတပ်မှ ရဲဘော် ၈ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

တီးတိန္၊ စစ္ေကာင္စီ၏ သိုင္းငင္းစခန္းသိမ္း တိုက္ပြဲမွ ရဲေဘာ္စစ္သည္မ်ားကို ျပည္သူမ်ားက ေသာင္းေသာင္းဖ်ဖ်ႀကိဳဆို၊ သိုင္းငင္းစခန္းမွ စစ္ေကာင္စီ တပ္ ဖြဲ႕ဝင္မ်ားကို လက္နက္ ခ်ခိုင္းေသာ္လည္း မခ်၍ စခန္းရွိ စစ္သားမ်ားအားလုံး တစ္ဦးမက်န္ ေသဆုံး
ဇန္နဝါရီ ၁၇
ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ စစ္ေကာင္စီ၏ သိုင္းငင္းစခန္းသိမ္းတိုက္ပြဲမွ ရဲေဘာ္ စစ္သည္မ်ားကို ျပည္သူမ်ားက ေသာင္း ေသာင္းဖ်ဖ်ႀကိဳဆိုၾကေၾကာင္း ေဒသသတင္းရင္းျမစ္ The Chin Journal က ေဖာ္ျပသည္။
သိုင္းငင္း စစ္ေကာင္စီ စခန္းသိမ္းတိုက္ပြဲမွ ေအာင္ျမင္မႈႏွင့္ ျပန္လာၾကသည့္ ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္မ်ားကို ျပည္သူမ်ားက ေအာင္သေျပ ပန္းကုံးမ်ားျဖင့္ ႀကိဳဆိုၾကၿပီး လူထုေတြ႕ဆုံပြဲျပဳလုပ္ခဲ့ၾကေၾကာင္း သိရွိရသည္။
ယမန္ေန႔ ဇန္နဝါရီလ ၁၆ ရက္ေန႔ ခ်င္းျပည္နယ္၊ တီးတိန္းၿမိဳ႕နယ္၊ သိုင္းငင္း ေက်း႐ြာရွိ စစ္ေကာင္စီတပ္စခန္းကို တိုက္ခိုက္သိမ္းပိုက္ရာတြင္ အဆိုပါ စခန္း ရွိ စစ္ေကာင္စီတပ္သားမ်ား အားလုံး ေသဆုံးခဲ့ၿပီး တိုက္ပြဲတြင္ စစ္သား မ်ား လက္နက္ခ်ရန္ ခ်င္းေတာ္လွန္ေရးတပ္မ်ားက ေျပာဆိုခဲ့ေၾကာင္း၊ သို႔ရာ တြင္ စစ္ေကာင္စီတပ္သားမ်ားက ေခါင္းမာစြာျဖင့္ ခုခံခဲ့သျဖင့္ အားလုံး ေသဆုံး ခဲ့ၾက ေၾကာင္း ခ်င္းေတာ္လွန္ေရးတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာဆိုသည္။
“စခန္းကို ပတ္ပတ္လည္ ၀ိုင္းၿပီးတဲ့အခ်ိန္မွာ လက္နက္ခ်ဖို႔ က်ေနာ္တို႔က ေျပာ တယ္။ ဒါေပမယ့္ စစ္သားေတြက လက္နက္မခ်ဘူး ဆက္တိုက္ပါဆိုၿပီး ေျပာတယ္။ စခန္းထဲမွာ အားလုံး ေသပါတယ္။ တစ္ဦးမွ အသက္မရွင္ဘူး။ ထြက္ေျပးႏိုင္သူလည္းမရွိဘူး” ဟု ခ်င္းေတာ္လွန္ေရးတပ္ဖြဲ႕ဝင္တစ္ဦးက ရွင္းျပ သည္။
သိုင္းငင္းစခန္းသိမ္းတိုက္ပြဲတြင္ စစ္သား ၃၀ ေသဆုံးၿပီး ခ်င္းကာကြယ္ေရးပူး ေပါင္းတပ္မွ ရဲေဘာ္ ၈ ဦး က်ဆုံးခဲ့ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *