မေရိကန်ဒေါ်လာ ၈ သန်းခွဲတန်ငှက်ကင်ပေါ်ကအိုးဘဲဥမွှင်းခါး၂ပွဲ

ကွတ်ခိုင်၊ နမ့်ဖတ်ကာ တွင် KIA က ပစ်ချလိုက်သည့် တိုက်လေယာဉ်မှာ တရုတ် ထုတ် FTC 2000G အမျိုးအစားဖြစ်ပြီး စစ်လေယာဉ်မှူး ဗိုလ်မှူးနှင့် တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးတို့ သေဆုံး

■ တရုတ် လုပ် FTC 2000 G အပေါ့စားတိုက်လေယာဉ် တစ်စီးလျှင် အမေရိ ကန် ဒေါ်လာ ၈ သန်းခွဲဝန်းကျင်တန်ဖိုးရှိ

ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက် လေယာဉ်စီးကို KIA က ပစ် ခတ်လိုက်ရာ အဆိုပါ လေယာဉ်မှာ တရုတ်လုပ် FTC 2000G အမျိုးအစား တိုက်လေယာဉ်ဖြစ်ကာ လေယာဉ်မှူးဗိုလ်မှူးနှင့် တွဲဖက် လေယာဉ်မှူး ဗိုလ် ကြီး တို့ သေဆုံးသွားကြောင်း လေတပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် အဆိုပါ တရုတ်လုပ် FTC 2000G တိုက်လေယာဉ်သည် နမ့်ဖတ်ကာကို ဗုံးလာကျဲစဉ် ပစ်ချခံရခြင်း ဖြစ်ကြောင်း၊ လေယာဉ်မှူး ဗိုလ်မှူးနှင့် တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီးတို့ သေ ဆုံး သွားကြောင်း ၊ ယင်းလေယာဉ်သည် နံနက် ၁၀ နာရီဝန်းကျင်တွင် ဗုံးကျဲ ရန် ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“လေတပ်ဘက်ကနေ ပြန်သိရတာက မနေ့က ပျက်ကျတာက FTC 2000 G တိုက် လေယာဉ် ၊ လေယာဉ်တက်တဲ့ လေတပ်ကတော့ အတည်မပြုရ သေး ပေ မယ့် အကြမ်းဖျဉ်း နမ့်စန်လေတပ်စခန်းဌာနချုပ်ကနေ တက်တယ်လို့တော့ သိရတယ်။ အဲဒါ ပစ်ချခံရတာမှာ လေသူရဲ ဗိုလ်မှူးနဲ့ ဗိုလ်ကြီး သေဆုံးပါတယ်။ ပစ်ချခံရတာလည်း အတည်ပြုလို့ရတယ်။ အဲဒီလေယာဉ်က အမောင်းသင် အတွက် လည်း သုံးသလို တိုက်ခိုက်ရေးအတွက်လည်း သုံးတယ်။ အပေါ့စား တိုက်လေယာဉ်အမျိုးအစား” ဟု လေတပ်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး ဝယ်ယူ ခဲ့ပြီး နမ့်စန် လေတပ် စခန်းဌာနချုပ်သို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံလုပ် FTC 2000 G တိုက် လေယာဉ် ၆ စီးသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ နှစ်သုတ်ခွဲ၍ နမ့်စန် လေတပ် စခန်း ဌာန ချုပ်သို့ရောက်ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

စစ်ကောင်စီက တရုတ်နိုင်ငံ၊ Guizhou Aviation Industries Corporation (GAIC) က ထုတ် လုပ်သည့် FTC 2000 G အမျိုးအစား ၂ ယောက် မောင်း Fighter လေယာဉ် ၆ စီးကို မှာယူခဲ့ကြောင်း၊ ယင်းလေယာဉ် များ ကို တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်၊ Xishuangbanna Gasa လေဆိပ်မှ နမ့်စန် လေတပ် စခန်းဌာနချုပ်ထံသို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက် နေ့အထိ တစ်ကြိမ်လျှင် လေယာဉ် ၃ စီးဖြင့် တစ်အုပ်စုအဖြစ် အုပ်စုဖွဲ့၍ ၂ ကြိမ် လေယာဉ် ၆ စီး ပျံသန်း ရောက်ရှိ လာခဲ့ ခြင်း ဖြစ်ကြောင်း၊ တရုတ် လုပ် FTC 2000 G တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈ သန်းခွဲဝန်းကျင် ကျသင့် ကြောင်း သိရှိရသည်။

ကြတ္ခိုင္၊ နမ့္ဖတ္ကာ တြင္ KIA က ပစ္ခ်လိုက္သည့္ တိုက္ေလယာဥ္မွာ တ႐ုတ္ ထုတ္ FTC 2000G အမ်ိဳးအစားျဖစ္ၿပီး စစ္ေလယာဥ္မႉး ဗိုလ္မႉးႏွင့္ တြဲဘက္ေလယာဥ္မႉး ဗိုလ္ႀကီးတို႔ ေသဆုံး
■ တ႐ုတ္ လုပ္ FTC 2000 G အေပါ့စားတိုက္ေလယာဥ္ တစ္စီးလွ်င္ အေမရိ ကန္ ေဒၚလာ ၈ သန္းခြဲဝန္းက်င္တန္ဖိုးရွိ
ဇန္နဝါရီ ၁၇
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ဖတ္ကာ ေက်း႐ြာ၊ မႏူယာန္ ေဒသတြင္ ဗုံးလာက်ဲသည့္ စစ္ေကာင္စီ၏ တိုက္ ေလယာဥ္စီးကို KIA က ပစ္ ခတ္လိုက္ရာ အဆိုပါ ေလယာဥ္မွာ တ႐ုတ္လုပ္ FTC 2000G အမ်ိဳးအစား တိုက္ေလယာဥ္ျဖစ္ကာ ေလယာဥ္မႉးဗိုလ္မႉးႏွင့္ တြဲဖက္ ေလယာဥ္မႉး ဗိုလ္ ႀကီး တို႔ ေသဆုံးသြားေၾကာင္း ေလတပ္ႏွင့္နီးစပ္ေသာ သတင္းရင္းျမစ္က ေျပာဆိုသည္။
ဇန္နဝါရီလ ၁၆ ရက္ေန႔ မြန္းတည့္ ၁၂ နာရီဝန္းက်င္အခ်ိန္ အဆိုပါ တ႐ုတ္လုပ္ FTC 2000G တိုက္ေလယာဥ္သည္ နမ့္ဖတ္ကာကို ဗုံးလာက်ဲစဥ္ ပစ္ခ်ခံရျခင္း ျဖစ္ေၾကာင္း၊ ေလယာဥ္မႉး ဗိုလ္မႉးႏွင့္ တြဲဖက္ေလယာဥ္မႉး ဗိုလ္ႀကီးတို႔ ေသ ဆုံး သြားေၾကာင္း ၊ ယင္းေလယာဥ္သည္ နံနက္ ၁၀ နာရီဝန္းက်င္တြင္ ဗုံးက်ဲ ရန္ ထြက္ခြာသြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ေလတပ္ဘက္ကေန ျပန္သိရတာက မေန႔က ပ်က္က်တာက FTC 2000 G တိုက္ ေလယာဥ္ ၊ ေလယာဥ္တက္တဲ့ ေလတပ္ကေတာ့ အတည္မျပဳရ ေသး ေပ မယ့္ အၾကမ္းဖ်ဥ္း နမ့္စန္ေလတပ္စခန္းဌာနခ်ဳပ္ကေန တက္တယ္လို႔ေတာ့ သိရတယ္။ အဲဒါ ပစ္ခ်ခံရတာမွာ ေလသူရဲ ဗိုလ္မႉးနဲ႔ ဗိုလ္ႀကီး ေသဆုံးပါတယ္။ ပစ္ခ်ခံရတာလည္း အတည္ျပဳလို႔ရတယ္။ အဲဒီေလယာဥ္က အေမာင္းသင္ အတြက္ လည္း သုံးသလို တိုက္ခိုက္ေရးအတြက္လည္း သုံးတယ္။ အေပါ့စား တိုက္ေလယာဥ္အမ်ိဳးအစား” ဟု ေလတပ္ႏွင့္ နီးစပ္ေသာ အသိုင္းအ၀ိုင္းက ေျပာဆိုသည္။
အၾကမ္းဖက္စစ္တပ္က တ႐ုတ္ FTC 2000 G တိုက္ေလယာဥ္ ၆ စီး ဝယ္ယူ ခဲ့ၿပီး နမ့္စန္ ေလတပ္ စခန္းဌာနခ်ဳပ္သို႔ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလတြင္ ေရာက္ရွိခဲ့ေၾကာင္း၊ တ႐ုတ္ႏိုင္ငံလုပ္ FTC 2000 G တိုက္ ေလယာဥ္ ၆ စီးသည္ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလ ၂၂ ရက္ ေန႔မွ ႏိုဝင္ဘာလ ၂၄ ရက္ေန႔အထိ ႏွစ္သုတ္ခြဲ၍ နမ့္စန္ ေလတပ္ စခန္း ဌာန ခ်ဳပ္သို႔ေရာက္ရွိခဲ့ျခင္း ျဖစ္ ေၾကာင္း သိရွိရသည္။
စစ္ေကာင္စီက တ႐ုတ္ႏိုင္ငံ၊ Guizhou Aviation Industries Corporation (GAIC) က ထုတ္ လုပ္သည့္ FTC 2000 G အမ်ိဳးအစား ၂ ေယာက္ ေမာင္း Fighter ေလယာဥ္ ၆ စီးကို မွာယူခဲ့ေၾကာင္း၊ ယင္းေလယာဥ္ မ်ား ကို တ႐ုတ္ ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ Xishuangbanna Gasa ေလဆိပ္မွ နမ့္စန္ ေလတပ္ စခန္းဌာနခ်ဳပ္ထံသို႔ ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာ ၂၂ ရက္ေန႔မွ ႏိုဝင္ဘာလ ၂၄ ရက္ ေန႔အထိ တစ္ႀကိမ္လွ်င္ ေလယာဥ္ ၃ စီးျဖင့္ တစ္အုပ္စုအျဖစ္ အုပ္စုဖြဲ႕၍ ၂ ႀကိမ္ ေလယာဥ္ ၆ စီး ပ်ံသန္း ေရာက္ရွိ လာခဲ့ ျခင္း ျဖစ္ေၾကာင္း၊ တ႐ုတ္ လုပ္ FTC 2000 G တစ္စီးလွ်င္ အေမရိကန္ေဒၚလာ ၈ သန္းခြဲဝန္းက်င္ က်သင့္ ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *