သတင်းတွေကကြားရတာစိတ်မကောင်းစရာပဲ

ပြည်သူ့စစ်ကိစ္စနဲ့ ဖခင်က သားကို ဓါးနဲ့ခုတ်သတ်၊ ပြည်သူ့စစ်မဲပေါက်သူရဲ့ ဇနီး မူးမေ့ပြီး ဆေးရုံရောက်

ဇန်နဝါရီ ၁၇

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့စစ်(ပျူစောထီး)စုဆောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖခင်က သားဖြစ်သူကို ဓားနဲ့ ခုတ်သတ်ခဲ့သလို ပြည်သူ့စစ်မဲပေါက်သူအမျိူးသား ၂ ဦးရဲ့ ဇနီးတို့လည်း မူးမေ့လဲကျကာ ဆေးရုံတင်ပြီး ဆေးကုလိုက်ရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

နတ်တလင်းမြို့နယ်၊ ရွှေကြာပင်အုပ်စု၊ အောင်ပင်သာရွာမှာ ဇန်နဝါရီ ၁၅ ရက် ညက အသက် ၆၀နှစ် အရွယ် ဖခင် ကိုဆွေက အသက် ၃၅ နှစ်အရွယ် သားဖြစ်သူ ဇင်မျိုးကို ဓားနဲ့ ခုတ်သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ရွာလူကြီးတွေက ဇင်မျိုးကို ပြည်သူ့စစ်စာရင်းထဲထည့်ထားတာကို သူ့အဖေ(ကိုဆွေ)က စာရင်းပေးတာဆိုပြီး ဖအေကို မူးပြီးလိုက်ရမ်းနေလို့ ဖအေကစိတ်တိုပြီး လည်ပင်းခုတ်သတ်တာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီညမှာပဲ နယ်မြေအပိုင် တာပွန်မြို့ရဲစခန်းက ကိုဆွေကို ဖမ်းကာ သူ့သားအလောင်းကိုလည်း တာပွန်ဆေးရုံသယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်က ရွှေကြာပင်အုပ်စု၊ ရွှေကြာပင်ရွာမှာ ပြည်သူ့စစ်(ပျူစောထီး) မဲနှိုက်ချိန်မှာလည်း မဲပေါက်သူတွေဖြစ်တဲ့ အသက် ၃၀ ဝန်းကျင် ကိုအေးမင်းသန်းရဲ့ အမျိုးသမီး မနွယ်နွယ်ဝင်းနဲ့ ကိုငြိမ်းချမ်းရဲ့ အမျိုးသမီး မခင်သန်းနုတို့ မူးမေ့လဲကျခဲ့တာလို့ ဆိုပါတယ်။

“ပျူစောထီးမဲပေါက်တော့ သူတို့ မိန်းမတွေ မူးလဲကျကုန်တာ အခု မခင်သန်းနုက နတ်တလင်းဆေးရုံကနေ ခုထိမဆင်းရသေးဘူး။ ကျန်တဲ့တယောက်ကတော့ ရွာပြန်ရောက်နေပြီ“ လို့ ဒေသခံတဦးက ပြောပါတယ်။

မဲပေါက်သူတွေက စစ်သင်တန်း ၁၄ ရက်တက်ရမှာဖြစ်ပြီး ကျေးရွာကို ကာကွယ်ရဖို့ဖြစ်တယ်လို့ ရွာလူကြီးက ပြောပေမယ့် ဘယ်သူမှ ယုံကြည်မှုမရှိဘူးလို့ ဆိုပါတယ်။

“ကျေးရွာထဲမှာလည်း ပျူစောထီးကိစ္စနဲ့ပတ်သက်ပြီး မစားနိုင်မသောက်နိုင် ဖြစ်နေကြတယ်” လို့ သူက ဆက် ပြောပါတယ်။

ရွှေကြာပင်ရွာအတွင်း မဲနှိုက်ရာမှာ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အထိ အမျိုးသားတွေပါဝင်တယ်လို့ ဆိုပါတယ်။

နတ်တလင်းမြို့ခံတဦးကလည်း နတ်တလင်းမြို့နယ်မှာ ပြည်သူ့စစ်(ပျူစောထီး) တပ်သားစုဆောင်းရန် ဇန်နဝါရီ ၅ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူကာ ညွှန်ကြားခဲ့တာဖြစ်ပြီး မြို့ပေါ် အုပ်ချုပ်ရေးမှူးတွေကတော့ စုဆောင်းမပေးနိုင်လို့ ည ၈ နာရီကျော် အိမ်ပြင်ထွက်သူတွေကို ဖမ်းဆီးပြီး ပြည်သူ့ စစ်ထဲထည့်ဖို့ အကြံပြုထားကြတယ်လို့ ဆိုပါတယ်။

နတ်တလင်းမြို့နယ်မှာ ရပ်ကွက် ၇ ခုနဲ့ ကျေးရွာအုပ်စု ၇၇ စုရှိပြီး စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိူးဆွေဝင်းရဲ့ ဇာတိမြို့လည်းဖြစ်ပါတယ်။

ျပည္သူ႔စစ္ကိစၥနဲ႔ ဖခင္က သားကို ဓါးနဲ႔ခုတ္သတ္၊ ျပည္သူ႔စစ္မဲေပါက္သူရဲ႕ ဇနီး မူးေမ့ၿပီး ေဆး႐ုံေရာက္
ဇန္နဝါရီ ၁၇
ပဲခူးတိုင္းအေနာက္ျခမ္း၊ နတ္တလင္းၿမိဳ႕နယ္မွာ ျပည္သူ႔စစ္(ပ်ဴေစာထီး)စုေဆာင္းတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ဖခင္က သားျဖစ္သူကို ဓားနဲ႔ ခုတ္သတ္ခဲ့သလို ျပည္သူ႔စစ္မဲေပါက္သူအမ်ိဴးသား ၂ ဦးရဲ႕ ဇနီးတို႔လည္း မူးေမ့လဲက်ကာ ေဆး႐ုံတင္ၿပီး ေဆးကုလိုက္ရတယ္လို႔ ေဒသခံတဦးဆီက သိရပါတယ္။
နတ္တလင္းၿမိဳ႕နယ္၊ ေ႐ႊၾကာပင္အုပ္စု၊ ေအာင္ပင္သာ႐ြာမွာ ဇန္နဝါရီ ၁၅ ရက္ ညက အသက္ ၆၀ႏွစ္ အ႐ြယ္ ဖခင္ ကိုေဆြက အသက္ ၃၅ ႏွစ္အ႐ြယ္ သားျဖစ္သူ ဇင္မ်ိဳးကို ဓားနဲ႔ ခုတ္သတ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။
“႐ြာလူႀကီးေတြက ဇင္မ်ိဳးကို ျပည္သူ႔စစ္စာရင္းထဲထည့္ထားတာကို သူ႔အေဖ(ကိုေဆြ)က စာရင္းေပးတာဆိုၿပီး ဖေအကို မူးၿပီးလိုက္ရမ္းေနလို႔ ဖေအကစိတ္တိုၿပီး လည္ပင္းခုတ္သတ္တာ။” လို႔ ေဒသခံတဦးက ေျပာပါတယ္။
အဲ့ဒီညမွာပဲ နယ္ေျမအပိုင္ တာပြန္ၿမိဳ႕ရဲစခန္းက ကိုေဆြကို ဖမ္းကာ သူ႔သားအေလာင္းကိုလည္း တာပြန္ေဆး႐ုံသယ္သြားတယ္လို႔ သူက ဆက္ေျပာပါတယ္။
ဇန္နဝါရီ ၁၃ ရက္က ေ႐ႊၾကာပင္အုပ္စု၊ ေ႐ႊၾကာပင္႐ြာမွာ ျပည္သူ႔စစ္(ပ်ဴေစာထီး) မဲႏႈိက္ခ်ိန္မွာလည္း မဲေပါက္သူေတြျဖစ္တဲ့ အသက္ ၃၀ ဝန္းက်င္ ကိုေအးမင္းသန္းရဲ႕ အမ်ိဳးသမီး မႏြယ္ႏြယ္ဝင္းနဲ႔ ကိုၿငိမ္းခ်မ္းရဲ႕ အမ်ိဳးသမီး မခင္သန္းႏုတို႔ မူးေမ့လဲက်ခဲ့တာလို႔ ဆိုပါတယ္။
“ပ်ဴေစာထီးမဲေပါက္ေတာ့ သူတို႔ မိန္းမေတြ မူးလဲက်ကုန္တာ အခု မခင္သန္းႏုက နတ္တလင္းေဆး႐ုံကေန ခုထိမဆင္းရေသးဘူး။ က်န္တဲ့တေယာက္ကေတာ့ ႐ြာျပန္ေရာက္ေနၿပီ“ လို႔ ေဒသခံတဦးက ေျပာပါတယ္။
မဲေပါက္သူေတြက စစ္သင္တန္း ၁၄ ရက္တက္ရမွာျဖစ္ၿပီး ေက်း႐ြာကို ကာကြယ္ရဖို႔ျဖစ္တယ္လို႔ ႐ြာလူႀကီးက ေျပာေပမယ့္ ဘယ္သူမွ ယုံၾကည္မႈမရွိဘူးလို႔ ဆိုပါတယ္။
“ေက်း႐ြာထဲမွာလည္း ပ်ဴေစာထီးကိစၥနဲ႔ပတ္သက္ၿပီး မစားႏိုင္မေသာက္ႏိုင္ ျဖစ္ေနၾကတယ္” လို႔ သူက ဆက္ ေျပာပါတယ္။
ေ႐ႊၾကာပင္႐ြာအတြင္း မဲႏႈိက္ရာမွာ အသက္ ၁၈ ႏွစ္ကေန ၅၅ ႏွစ္အထိ အမ်ိဳးသားေတြပါဝင္တယ္လို႔ ဆိုပါတယ္။
နတ္တလင္းၿမိဳ႕ခံတဦးကလည္း နတ္တလင္းၿမိဳ႕နယ္မွာ ျပည္သူ႔စစ္(ပ်ဴေစာထီး) တပ္သားစုေဆာင္းရန္ ဇန္နဝါရီ ၅ ရက္က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြကို ေခၚယူကာ ၫႊန္ၾကားခဲ့တာျဖစ္ၿပီး ၿမိဳ႕ေပၚ အုပ္ခ်ဳပ္ေရးမႉးေတြကေတာ့ စုေဆာင္းမေပးႏိုင္လို႔ ည ၈ နာရီေက်ာ္ အိမ္ျပင္ထြက္သူေတြကို ဖမ္းဆီးၿပီး ျပည္သူ႔ စစ္ထဲထည့္ဖို႔ အႀကံျပဳထားၾကတယ္လို႔ ဆိုပါတယ္။
နတ္တလင္းၿမိဳ႕နယ္မွာ ရပ္ကြက္ ၇ ခုနဲ႔ ေက်း႐ြာအုပ္စု ၇၇ စုရွိၿပီး စစ္ေကာင္စီခန႔္ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ မ်ိဴးေဆြဝင္းရဲ႕ ဇာတိၿမိဳ႕လည္းျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*