ငါးကြင်းဆီနဲ့ငါးကြင်းအကြော်ခံရတော့မယ် ခမရ ၅၃၉ တပ်ရင်းမှအလှူပစ္စည်းများထုတ်ပြန်

ကျောက်တော်မြို့ရှိ ခမရ ၅၃၉ တပ်ရင်းထံမှ AA သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ

ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ် ခမရ(၅၃၉)မှ တပ်ရင်းမှူးအပါအဝင် အင်အား(၃၀၀)ဝန်းကျင် ရက္ခိုင့်တပ်တော်(AA)ထံ လက်နက်ချအညံ့ခံခဲ့ပြီးနောက် စခန်းအတွင်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း ဓာတ်ပုံများ ထွက်ပေါ်လာသည်။

ခမရ (၅၃၉) တစ်ရင်းတစ်ရင်းလုံးသည် အလံဖြူထောင်ကာ ရက္ခိုင့်တပ်တော် (AA)ထံ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။

AAသည် ပြီးခဲ့သည့် ဇန်နဝါရီလ (၁၁)ရက်နေ့က စတင်ပြီး ခမရ (၅၃၉)တပ်ရင်းနှင့် အမှတ် (၃၇၇)အမြောက်တပ်ရင်းတို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ဇန်နဝါရီလ (၁၄)ရက်နေ့တွင် အမှတ် (၃၇၇)အမြောက်တပ်ရင်းအား သိမ်းပိုက်ခဲ့ကာ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ခမရ (၅၃၉)တပ်ရင်းကို ထပ်မံသိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *