ပြည်သူတွေပါနေလို့ နောက်မဟုတ်ရင်အတန်းလိုက်ကြီးမွှင်းခါးဖြစ်မှာ(ရုပ်သံ)

မြိုင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းမှ အကြမ်းဖက် စစ်သားများနှင့် ဇီးတောရွာမှ ပျူစောထီးများ ပါဝင်သော အင်အား ၄၀ ကျော်ပါ စစ်ကြောင်းသည် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ စစ်ကြောင်းထိုးလာပြီး အရှေ့သဲပုံရွာမှ လင်းကတော ရဲစခန်းကို ဦးတည် ထွက်ခွာလာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“သူတို့တပ်ရင်းရှေ့ဖြတ်တဲ့ပြည်သူတွေနဲ့ ဇီးတောပျူရွာအနီးအနားဖြတ်တဲ့ပြည်သူတွေကို ဖမ်းပြီး လင်းကတောနယ်မြေရဲစခန်းကို ထွက်လာတာ၊ အယောက် ၃၀ ကျော်တယ်၊ အခုထိတော့ ပြန် မလွှတ်သေးဘူး၊ အဲဒီလင်းကတောနယ်မြေရဲစခန်းမှာပဲရှိသေးတယ်၊ ဖမ်းဆီးခံရတဲ့ပြည်သူ တွေကို ရှောင်ကွင်းပြီး စစ်ခွေးတွေကိုပဲ ဦးတည်တိုက်ခိုက်ခဲ့တာပါ၊ ပြည်သူတွေတစ်ဦးတစ်ယောက်မှ ထိခိုက် ဒဏ်ရာရရှိတာမရှိပါဘူး၊ ပျူတစ်ဦးသေတယ်၊ ၅ ဦးထက်မနည်းဒဏ်ရတယ်လို့သိရတယ်” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပ.က.ဖ)နှင့် ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၉ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *