သတင်းကောင်းလေးလာဘီဗျို့

ဖားကန့်မြို့ စစ်တပ်ရဲ့ ဝှေခါစခန်းကို KIAနဲ့ KPDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံဖမ်းဆီး

ဇန်နဝါရီ-၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့က စစ်တပ်ရဲ့ ဝှေခါစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ နံနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီး စခန်းပေါ်ကနေ ထွက် ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံဖမ်းဆီးရင် တိုက်ပွဲဖြစ်ပွားခဲ့ရှိတယ်လို့ သိရပါတယ်။

“KIAတပ်တွေပဲ ရှိတော့တယ် စစ်တပ်ဘက်က ထွက်ပြေးသွားကြပြီလို့ သိရတယ်”လို့ ဝှေခါ ဒေသခံတစ်ဦးက မောင်းကို ပြောပါတယ်။

အဲဒီစခန်းကို တိုက်ခိုက်နေစဉ် ပြီးခဲ့တဲ့ ဇန်နဝါရီ၁၈နဲ့ ၁၉ရက်တွေမှာလည်း စစ်တပ်က လေကြောင်းကနေ ၄ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ဖားကန့်မြို့အတွင်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီရဲ့ အခိုင်အမာစခန်းများအဖြစ် ဝှေခါ၊ ဖားကန့် ဗျူ ဟာ၊ လမောင်ကုန်း စခန်း၊ ယမ်းချက်စက်ရုံ နန့်ယား စစ်တပ်ကုန်း၊ ကာမိုင်း ဗျူဟာ တို့ရှိနေပြီး ဝှေခါ စခန်းကို ယနေ့ KIA က အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *