၁၉.၉.၂၀၂၃ မိုးလေဝသ အခြေအနေ

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်ရပ်ဝန်း မုန်တိုင်းငယ်ဟာဆိုရင် ယနေ့ အိန္ဒိယနိုင်ငံကို စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ မုန်တိုင်ဟာ နာရီလက်တံပြောင်းပြန်လည်တဲ့ပုံတိုက်ခတ်တာဖြစ်ပြီး လေတိုက်နှုန်းအားပြင်တာဟာ မုန်တိုင်းရဲ့ လက်ယာဘက်ခြမ်းဖြစ်ပါတယ်။ လက်ယာဘက်ခြမ်းမှာ ရှိနေတဲ့ မြန်မာနိုင်ငံဟာ မုန်တိုင်းအကျိုးသက်ရောက်မှုပိုများမှာဖြစ်ပါတယ်။

လေဖိအားနည်ရပ်ဝန်းဆီကို တောင်တရုပ်ပင်လယ်ဘက်က စီးဝင်လာတဲ့ လေစီးကြောင်းနဲ့အတူ မိုးတိမ်များပါလာပြီး မြန်မာနိုင်ငံပေါ်ကို ရွာသွန်းမှာဖြစ်သလို မုန်တိုင်းရဲ့ လေစီးကြောင်းနဲ့အတူ အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်ဘက်မှ မိုးတိမ်များဟာလည်း မြန်မာနိုင်ငံအပေါ်ကို မိုးအဖြစ်နဲ့ ရွာချမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဟာဆိုရင် မြန်မာနိုင်ငံ အနှံ့ မိုးရွာသွန်းမှာဖြစ်ပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ် မွန်ပြည်နယ် ကချင်ပြည်နယ် တနင်္သာရီတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း တို့မှာ နေရာစိပ်စိပ် မိုးကြီးနိုင်ပြီး ရှမ်းပြည်နယ် ကယားပြည်နယ် မကွေးတိုင်း ပဲခူးတိုင်း စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ နောက်၂ရက်အတွက် ရခိုင် မွန် ကချင်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးကြီးနိုင်ပါတယ်။

စက်တင်ဘာလကုန်ခါနီးမှာလည်း မြန်မာနိုင်ငံအရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာအုံးမယ်လို့ခန့်မှန်းထားကြပြီး အဲဒီမုန်တိုင်းအရှိန် အကျိုးသက်ရောက်မှု့အနည်းအများလည်း မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာအုံးမှာဖြစ်ပါတယ်။ မြန်မာနိုင်သားအားလုံး ကျန်းမာချမ်းသာကြပါစေ………

Be the first to comment

Leave a Reply

Your email address will not be published.


*