မအိပ်နက်အုန်း ကချင်က ဆိုးအောက်အောင်ပွဲကြီးတစ်ခုဖတ်ကြည့်လိုက် ၂၀၀ ကျော်တောင် ပျော်စရာကြီးဟေ့

မန်ဝိန်းကြီးတိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀နီးပါး လက်နက်ချ

လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အလက် ၂၀၀ ကျော်သိမ်းရရှိ​(ရုပ်သံ)

ဆန်အောင်/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးစစ်ကောင်စီတပ်စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါးလက်နက်ချကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

မန်ဝိန်းကြီး တပ်စခန်းကို ဇန်နဝါရီ ၂၁ရက် မနက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“မန်ဝိန်းကြီးမှာ စကစ ၂၀၀နီးပါး လက်နက်ချတယ်။ လက်

နက်ကြီးငယ် ၂၀၀ကျော်ရထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ရေးသတင်းရင်းမြစ်က ပြသသည့် ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိထားသည့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ချ အညံ့ခံခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရသည်။

KIA ပူးပေါင်းတပ်ဖွဲ့ အနေဖြင့် ယနေ့တွင် ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ မန်

ဝိန်းကြီးနှင့် ရှမ်းမြောက် မဘိမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

“KIA တပ်မဟာ(၃)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီမနက် မြို့ နှစ် မြို့ကို သိမ်းလိုက်ပါပြီ။ ၉နာရီခွဲမှာ မဘိမ်းမြို့ကို အလုံးစုံ အပြီး သိမ်းလိုက်ပြီး ၁၀နာရီမှာ မန့်ဝိန်းကြီးမြို့ကို အလုံးစုံ အပီး သိမ်းပိုက်နိုင်ခဲ့ပါပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မဘိမ်းမြို့ သိမ်းပိုက်နိုင်မှုကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“ မဘိမ်းမြို့ကို ကျနော်တို့ KIA တို့ AA တို့ PDF ၊ KPDF တွေ အားလုံးဝိုင်းပြီးမှ တိုက်တာ ဒီမနက်ကတော့ ရဲစခန်းရော နောက် သူတို့ စစ်တပ်စခန်းတွေရော အကုန်လုံးသိမ်းလို့ရပြီတဲ့။ အဲဒီလောက်ပဲကျနော်တို့ ကြားပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA အနေဖြင့် ယမန်နေ့ကလည်း ဖားကန့်ရှိ ဝှေခါတပ်စခန်းကို စစ်ကောင်စီ လေကြောင်း ပစ်ကူပေး တိုက်ခိုက်နေသည့်ကြားမှ သိမ်းပိုက်နိုင်ခဲ့ပြီး ၊ဇန်နဝါရီ ၁၉ရက်ကလည်း မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို သိမ်းနိုင်ခဲ့သည်။ ရှမ်းမြောက်ရှိ မိုးမိတ်တွင်လည်း KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

(ရုပ်သံ-​ပေးပို့ )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *