ကြည့်ထားကြနော် စည်းရုံးရေး တွေမလုပ်ကြနဲ့

နတ်တလင်းမြို့နယ်တွင် ပြည်သူ့စစ် ဖွဲ့စည်းရန် လူစုပေးနေသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိရန်ကုန်၊ ဇန်နဝါရီ ၂၂ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ပြည်သူ့စစ် ဖွဲ့စည်းရန် လူစုပေးနေသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံးကာ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာမှ ရာအိမ်မှူး ပျူစောထီးခေါင်းဆောင် အုန်းမြင့်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၂)၊ Phoenix DF(Nattalin PDF) က ဆီဆုံကုန်းရွာလယ် တံတားထိပ်၌ ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးပြီး လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။သေဆုံးသွားသော အုန်းမြင့်သည် ဆီဆုံကုန်းရွာမှ ပြည်သူများကို ပြည်သူ့စစ် မဖြစ်မနေ ဝင်ရောက်ရမည်ဟု ကြိမ်းမောင်း​ပြောဆို၍ လူစုပေးနေသူဖြစ်ပြီး ပြည့်သူ့စစ် မဝင်ချင်သော ပြည်သူ ၁၃ ဦးကို ငွေ ၄ သိန်းမှ ၁၅ သိန်းအထိ ပေးရမည် တောင်းခံနေသူဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့်လည်း ပူးပေါင်း၍ ပြည်သူများအား PDF ဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေ​သူဖြစ်ကြောင်းသိရှိရသည်။”အဲ့ရွာကလူတွေပြေးနေရတာ အဲ့ရာအိမ်မှူးကြောင့် သူက တော်တော်ဆိုးလို့ သတင်းထွက်နေတာကြာပြီ စစ်ခွေး ထောက်တိုင် အကြီးစားပဲ သူက ငွေတောင်းလည်း ကြမ်းတယ်။ အရင်က စစ်ခွေးတွေနဲ့ ရိုးမထဲတောင်လိုက်ဖူးတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။နတ်တလင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ အနေဖြင့် ပြည်သူများကို ဆင်းရဲဒုက္ခ ပေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်းပြီး ပြည်သူများ၏ ဆန္ဒမပါဘဲ ပြည်သူ့စစ် စုဆောင်းမှုများကိုအတင်းအကြပ် ဖိအားပေး လုပ်ဆောင်ပေးသွားမည်ဆိုပါက ဆက်လက် တိုက်ခိုက်သွားမည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၂)၊ Phoenix DF(Nattalin PDF) က အသိပေးထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *