မွှင်းခါးအိုးဘဲဥ ၁ပွဲနှင့်လိုက်ပွဲ၇ပွဲနှင့်အထက်မြိန်နေရော

ဂန့်ဂေါ ခလရ ၅၀ ဆီလာတဲ့ စစ်ကြောင်းကို PDF က မိုင်းဆွဲလို့ အရာရှိ ၁ဦးအပါ ၇ဦးထက်မနည်းသေ

ဇန်နဝါရီ ၂၃

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကို လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၂၀ ရက် ညနေ ၆နာရီကျော်လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက အရာရှိ ၁ ဦးအပါ ၇ ဦးထက်မနည်းသေဆုံးကြောင်း ဂန့်ဂေါကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ

ဆီက သိရပါတယ်။

ဂန့်ဂေါမြို့တောင်ဘက်၊ ပြင်သာရွာအနီး မြစ်သာဆည်ကနေ အင်အား ၅၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ရှောက်ပင်ရွာအနောက်ဘက်ခြမ်းအရောက်မှာ တိုက်မိုင်း ၃ နေရာနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့လာမှာကို ကျနော်တို့သတင်းရထားလို့ မိုင်း ၃ နေရာထောင်ခဲ့တယ်။ ကျနော်တို့မိုင်းဆွဲတဲ့နေ့မှာပဲ ၇ ကောင်သေတယ်။ မနေ့က ထပ်ပြီးကြားသိရတာတော့ ဒဏ်ရာရတဲ့နောက်ထပ် ၂ ဦးထပ်သေတယ်လို့ ကြားတယ် ”လို့ ဂန့်ဂေါကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကြောင်းက ခလရ ၅၀ အတွင်း ဝင်ရောက်သွားခဲ့ပြီးနောက် နာရီဝက်လောက်အကြာမှာ မိုင်းဆွဲတိုက်ခိုက်တဲ့နေရာဘက်ကို ၁၂၀ မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းသေဆုံးသွားတဲ့ ၁ ပွင့်ဗိုလ်အပါအဝင် ၇ ဦးကို ခလရ ၅၀ တပ်အနောက်ဘက် သင်္ချိုင်းမှာ ဇန်နဝါရီ ၂၁ရက်ညနေပိုင်းက မြေမြုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ယောနယ်အတွင်းစစ်တပ်ဝါဒဖြန့်သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာလည်း PDF က ခိုးကြောင်၊ခိုးဝှက် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်သေဆုံးခဲ့ရကြောင်း ဝန်ခံရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း မြစ်သာဆည်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး လက်နက်၊ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

ပုံစာ – ဂန့်ဂေါခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDF တပ်ရင်း ၇၀၄ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ပုံဟောင်း)။

ဂန႔္ေဂါ ခလရ ၅၀ ဆီလာတဲ့ စစ္ေၾကာင္းကို PDF က မိုင္းဆြဲလို႔ အရာရွိ ၁ဦးအပါ ၇ဦးထက္မနည္းေသ
ဇန္နဝါရီ ၂၃
မေကြးတိုင္း၊ ဂန႔္ေဂါၿမိဳ႕အေျခစိုက္ ခလရ ၅၀ တပ္ကို လာတဲ့ စစ္ေကာင္စီစစ္ေၾကာင္းကို ဇန္နဝါရီ ၂၀ ရက္ ညေန ၆နာရီေက်ာ္ေလာက္မွာ မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္အုပ္စုက အရာရွိ ၁ ဦးအပါ ၇ ဦးထက္မနည္းေသဆုံးေၾကာင္း ဂန႔္ေဂါကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြ
ဆီက သိရပါတယ္။
ဂန႔္ေဂါၿမိဳ႕ေတာင္ဘက္၊ ျပင္သာ႐ြာအနီး ျမစ္သာဆည္ကေန အင္အား ၅၀ ေက်ာ္နဲ႔ထြက္လာတဲ့ စစ္ေကာင္စီတပ္သားေတြကို ေရွာက္ပင္႐ြာအေနာက္ဘက္ျခမ္းအေရာက္မွာ တိုက္မိုင္း ၃ ေနရာနဲ႔ မိုင္းဆြဲတိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။
“သူတို႔လာမွာကို က်ေနာ္တို႔သတင္းရထားလို႔ မိုင္း ၃ ေနရာေထာင္ခဲ့တယ္။ က်ေနာ္တို႔မိုင္းဆြဲတဲ့ေန႔မွာပဲ ၇ ေကာင္ေသတယ္။ မေန႔က ထပ္ၿပီးၾကားသိရတာေတာ့ ဒဏ္ရာရတဲ့ေနာက္ထပ္ ၂ ဦးထပ္ေသတယ္လို႔ ၾကားတယ္ ”လို႔ ဂန႔္ေဂါကာကြယ္ေရးတပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။
မိုင္းဆြဲခံရၿပီးေနာက္ စစ္ေၾကာင္းက ခလရ ၅၀ အတြင္း ဝင္ေရာက္သြားခဲ့ၿပီးေနာက္ နာရီဝက္ေလာက္အၾကာမွာ မိုင္းဆြဲတိုက္ခိုက္တဲ့ေနရာဘက္ကို ၁၂၀ မမလက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။
တိုက္ခိုက္မႈအတြင္းေသဆုံးသြားတဲ့ ၁ ပြင့္ဗိုလ္အပါအဝင္ ၇ ဦးကို ခလရ ၅၀ တပ္အေနာက္ဘက္ သခ်ႋဳင္းမွာ ဇန္နဝါရီ ၂၁ရက္ညေနပိုင္းက ေျမျမဳပ္သၿဂႋဳဟ္ခဲ့တယ္လို႔ ဆက္ေျပာပါတယ္။
စစ္ေၾကာင္း မိုင္းဆြဲတိုက္ခိုက္ခံရတာနဲ႔ပတ္သက္လို႔ ေယာနယ္အတြင္းစစ္တပ္ဝါဒျဖန႔္သတင္းေတြကိုေဖာ္ျပေနတဲ့ တယ္လီဂရမ္ခ်န္နယ္တခ်ိဳ႕မွာလည္း PDF က ခိုးေၾကာင္၊ခိုးဝွက္ မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ တပ္ဖြဲ႕ဝင္ ၆ ဦးထိခိုက္ေသဆုံးခဲ့ရေၾကာင္း ဝန္ခံေရးသားထားပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၆ ရက္ကလည္း ျမစ္သာဆည္မွာရွိတဲ့ စစ္ေကာင္စီတပ္စခန္းကို ကာကြယ္ေရးတပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့လို႔ စစ္ေကာင္စီဘက္က ၄ ဦးေသဆုံးၿပီး လက္နက္၊ခဲယမ္းတခ်ိဳ႕ သိမ္းဆည္းရရွိခဲ့ပါေသးတယ္။
ပုံစာ – ဂန႔္ေဂါခ႐ိုင္အတြင္း စစ္ေရးလႈပ္ရွားေနတဲ့ PDF တပ္ရင္း ၇၀၄ တပ္ခြဲ ၂ တပ္ဖြဲ႕ဝင္မ်ားအားေတြ႕ရစဥ္(ပုံေဟာင္း)။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *