ရိက္ခာလာပိုတဲ့ စခတွေကိုဆော်ထားတဲ့(ရုပ်သံ)

ရေစကြိုမြို့မှ ရှင်မတောင်ပေါ်သို့ ရိက္ခာလာပိုတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက် (ရုပ်/သံ)

++++++++++++++++++++++++++++

ဇန်နဝါရီ ၂၈ ရက်

မကွေးတိုင်း ရေစကြိုမြို့မှ ရှင်မတောင်ပေါ်သို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Young Force – UGမှ သတင်းထုတ်ပြန်ထားပါ တယ်။

ဇန်နဝါရီ ၂၆ ရက်က ရေစကြိုမြို့မှ အကြမ်းဖက်စစ်တပ်ဟာ ရှင်မတောင်ပေါ်သို့ ရိက္ခာပို့ဆောင် ရန် ပြည်သူများကို ဓားစာခံဖမ်းဆီးပြီး ထွက်ခွာလာချိန် ပြည်သူများ မထိခိုက်စေရန် အကွာအဝေးစောင့်ကြည့်ပြီး အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေ သယ်ဆောင်လာတဲ့ ရိက္ခာပုံပေါ်သို့ ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို နယ်မြေခံတပ်ဖွဲ့များနှင့် အတူ ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ(၂)မှ Ranger (Pakokku) ၊Young Force – UG တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဒရုန်း၁ စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *