ဆိပ်ဖြူ – ရေနံချောင်း လမ်းပိုင်းမှာ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ
+++++++++++++++++++++
ဇန်နဝါရီ၊ ၂၈
မကွေးတိုင်း၊ ဆိပ်ဖြူ -ရေနံချောင်းလမ်းပိုင်းမှာ စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို PDF တပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း (၁၂)မှ အသိပေးထုတ်ပြန်လာပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့က သတင်းကြိုတင်ရရှိလို့ စောင့်ဆိုင်းပြီး စစ်အုပ်စုရဲ့ ထောက်ပို့ကား (၃)စီးကို ကြိုတင်ပြင်ဆင်ကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်းတပ်ရင်း(၄)၊ တပ်ရင်း (၁၁)နှင့်၊ ယင်းမာပင်ခရိုင်တပ်ရင်း(၁၂ )၊ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Yenanthar Youth Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများပြားနိုင်ပြီး အတိအကျကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။