အုပ်ကြီးတစ်ကောင်သူစရိတ်နဲ့သူသွားရှာပြီ

အသုတ်မြို့ရှိ NLDပါတီ၀င်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်မှုတွင် ပါ၀င်ခဲ့သော အုပ်ချုပ်ရေးမှူး ကားကြိတ်ခံရပြီးသေဆုံးဇန်နဝါရီ ၂၈ဧရာ၀တီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့ တွင် ၂၀၂၃ စက်တင်ဘာလအတွင်းက NLDပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်မြင့်စိုးကို ဖမ်းဆီးကာ သတ်ဖြတ်ခဲ့မှုတွင် ပါ၀င်ခဲ့သော အုပ်ချုပ်ရေးမှူး ကားကြိတ်ခံရကာသေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။အသုတ်မြို့ အမှတ် (၁) ရပ်ကွက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဦးမျိုးညွန့်သည် ဇန်နဝါရီလ ၂၇ရက်နေ့က ဓနုဖြူမြို့သို့ သွားရောက်စဥ် ယာဥ်မတော်မဆမှုဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။”ဓနုဖြူမှာ ကားအကြိတ်ခံရတာ။ ခေါင်းပြားသွားတယ်လို့ သူ့မိသားစုဆီ ကနေသိရတယ် “ဟု အသုတ်မြို့ဒေသခံတစ်ဦးက ပြောသည်။ဦးမျိုးညွန့်သည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးအပြင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ထားပြီး စစ်ကောင်စီတပ်နှင့်ရဲများ နေ့စဥ်လာရောက်မှုရှိကြောင်းသိရသည်။၂၀၂၃ ခုနှစ် သြဂုတ်လ၃၀ရက်နေ့ညပိုင်းက အဆိုပါလက်ဖက်ရည်ဆိုင်တွင် ထိုင်နေသောရဲစခန်းမှူးကို ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့မှလက်ပစ်ဗုံးနှင့် ပစ်ခဲ့ရာဗုံးမကွဲခဲ့ဘဲ မြို့တွင်းရှိလူငယ်များနှင့် NLD ပါတီ၀င်များကို ဖမ်းဆီးခဲ့ရာတွင် ဦးမျိုးညွန့်က သတင်းပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။စွပ်စွဲဖမ်းဆီးခံရသူများထဲတွင် အသုတ်မြို့ အမှတ်၄ရပ်ကွက် NLDပါတီဥက္ကဌ ဖြစ်သူ ဦးအောင်မြင့်စိုးကို စစ်ကောင်စီတပ်နှင့် ရဲများက လာရောက်ဖမ်းဆီးခဲ့ပြီး လေးရက်အကြာ စစ်ကြောရေးတွင်နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *