ခမရ (၃၈၀) တပ်ရင်း ကို ရက္ခိုင့်တပ်တော် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့…

မင်းပြားမြို့က ခမရ (၃၈၀) တပ်ရင်း ကို ရက္ခိုင့်တပ်တော် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့…

++++++++++++++

ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က စစ်ကောင်စီရဲ့ ခမရ (၃၈၀) တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

မင်းပြားမြို့နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီးနောက် မနေ့က ခမရ (၃၈၀) တပ်ရင်းကို အပြီး သတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဟယ နေ့စဉ်ရက်ဆက် စခန်းတစ်ခုပြီးတစ်ခု စွန့်လွှတ်နေရသလို အဲ့ဒီတပ်ရင်းကို လေကြောင်းက ပစ်ကူပေးခြင်းနဲ့ ရေကြောင်းက စစ်အင်အားဖြည့်တင်းခြင်းတို့နဲ့ အသည်းအသန်ခုခံခဲ့ပေမယ့် ရက္ခိုင့်တပ်တော် ထိုးစစ်အောက်မှာ တပ်ရင်းတစ်ခု ထပ်မံကျဆုံးခဲ့ရပြန်တယ်လို့ ဆိုပါတယ်။

မင်းပြားမြို့နယ်မှာ စစ်ကောင်စီက ခြေကုတ်ယူထားတဲ့ တပ်ရင်း သုံးခုရှိနေပြီး စစ်ကောင်စီ က ခမရ (၃၈၀) တပ်ရင်း ကို ခံတပ်တစ်ခု သဖွယ် အသုံးချနေတာဖြစ်တယ် လို့ သိရပါတယ်။

ရက္ခိုင်ဒေသမှာ စစ်ရေးစစ်ရာ လုံးဝမယှဉ်ပြိုင်နိုင်တော့တဲ့ စစ်ကောင်စီဟာ မြို့၊ ရပ်ရွာနဲ့ ပြည်သူကိုသာ အဓိကဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို အရင်ကထက် ပိုမိုမိုက်ရူးရဲဆန်စွာ ပြုလုပ်လာပြီး အထူးသဖြင့် ရှေးဟောင်းအမွေအနှစ် အထွတ်အမြတ်ထားရာ မြောက်ဦးမြို့ကို အငြိုးအတေးနဲ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၇ ရက် ည (၁၀) နာရီဝန်းကျင်အချိန်ခန့်ကလည်း ရက္ခိုင်ပြည်၊ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ “ခမရ (၃၇၇) နဲ့ (၅၄၀) တပ်ရင်း” အပါအဝင် “အမှတ် (၃၁) ရဲတပ်ရင်း” တို့က မြောက်ဦးမြို့ကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ဒေသခံအရပ်သား ပြည်သူ (၄) ဦး သေဆုံးခဲ့ရပြီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် မြို့ပေါ် ရပ်ကွက်က နေအိမ် (၂၀) ကျော်မှာလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အမှတ် (၃၇၇) အမြောက်တပ်ရင်းနဲ့ ခမရ (၅၃၉) တပ်ရင်းတို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပုံ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *