နတ်နတ်သီးစာမိလို့ကြိုးနဲ့ပါဆွဲလာရတယ်

ပခုက္ကူ-ရေစကြို ကားလမ်းပေါ်မှာ စစ်ကောင်စီတပ် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကား ၁ စီးပျက်စီးပြီး ထိခိုက်သေဆုံးရှိနိုင်…

+++++++++++++++

ဇန်နဝါရီ ၂၉

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းပေါ်မှာ စစ်ကောင်စီတပ် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကား ၁ စီးပျက်စီးပြီး ထိခိုက်သေဆုံးတာရှိနိုင်တယ်လို့ Young Force UG က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၈ ရက် နေ့လည်ပိုင်းက ပခုက္ကူ-ရေစကြိုကားလမ်းပေါ်မှာ ပခုက္ကူကနေ စစ်ကူလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသာစီးမရယူနိုင်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုရှိပြီး ​သေဆုံးမှု အတည်မပြုနိုင်သေးဘဲ ပခုက္ကူမြို့ကို ပြန်သွားတဲ့ ကား(၇)စီးအထဲပ (၁)စီး ပျက်စီးသွားသလို ကြိုးနဲ့ဆွဲလာရတယ်လို့ သတင်းအတိအကျ ရရှိကြောင်း Young Force UG က ထုတ်ပြန်ပါတယ်။

အဲ့ဒိတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် (ပကဖ)နဲ့ ပခုက္ကူမြို့နယ် (ပကဖ တပ်ခွဲ-၂) က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပခုက္ကူ -ရေစကြို ကားလမ်း အသုံးပြုမယ့် ပြည်သူများအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းများလိုက်နာဖို့နဲ့ သတ်မှတ်ထားတဲ့ အချိန်ကျော်လွန်ရင် ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ချိတ်ဆက် သွားလာကြဖို့ Young Force – UG က အသိပေးထုတ်ပြန်ထားပါတယ်။

ပခုကၠဴ-ေရစႀကိဳ ကားလမ္းေပၚမွာ စစ္ေကာင္စီတပ္ ယာဥ္တန္းကို မိုင္းဆြဲတိုက္ခိုက္ရာ ကား ၁ စီးပ်က္စီးၿပီး ထိခိုက္ေသဆုံးရွိႏိုင္…
+++++++++++++++
ဇန္နဝါရီ ၂၉
မေကြးတိုင္း၊ ပခုကၠဴ-ေရစႀကိဳ ကားလမ္းေပၚမွာ စစ္ေကာင္စီတပ္ ယာဥ္တန္းကို မိုင္းဆြဲတိုက္ခိုက္ရာ ကား ၁ စီးပ်က္စီးၿပီး ထိခိုက္ေသဆုံးတာရွိႏိုင္တယ္လို႔ Young Force UG က ဒီကေန႔ ထုတ္ျပန္ပါတယ္။
ဇန္နဝါရီ ၂၈ ရက္ ေန႔လည္ပိုင္းက ပခုကၠဴ-ေရစႀကိဳကားလမ္းေပၚမွာ ပခုကၠဴကေန စစ္ကူလာတဲ့ စစ္ေကာင္စီယာဥ္တန္းကို ၾကားျဖတ္ မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္ကလည္း ျပန္လည္ပစ္ခတ္ခဲ့ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား အသာစီးမရယူႏိုင္ခဲ့တာေၾကာင့္ ျပန္လည္ဆုတ္ခြာေပးခဲ့ရတယ္လို႔ ဆိုပါတယ္။
အဲ့ဒီတိုက္ခိုက္မႈအတြင္း ထိခိုက္ပ်က္စီးမႈရွိၿပီး ​ေသဆုံးမႈ အတည္မျပဳႏိုင္ေသးဘဲ ပခုကၠဴၿမိဳ႕ကို ျပန္သြားတဲ့ ကား(၇)စီးအထဲပ (၁)စီး ပ်က္စီးသြားသလို ႀကိဳးနဲ႔ဆြဲလာရတယ္လို႔ သတင္းအတိအက် ရရွိေၾကာင္း Young Force UG က ထုတ္ျပန္ပါတယ္။
အဲ့ဒိတိုက္ခိုက္မႈကို ေရစႀကိဳၿမိဳ႕နယ္ (ပကဖ)နဲ႔ ပခုကၠဴၿမိဳ႕နယ္ (ပကဖ တပ္ခြဲ-၂) က ပူးေပါင္းေဆာင္႐ြက္ခဲ့ၿပီး ပခုကၠဴ -ေရစႀကိဳ ကားလမ္း အသုံးျပဳမယ့္ ျပည္သူမ်ားအေနနဲ႔ ထုတ္ျပန္ထားတဲ့ စည္းကမ္းမ်ားလိုက္နာဖို႔နဲ႔ သတ္မွတ္ထားတဲ့ အခ်ိန္ေက်ာ္လြန္ရင္ ကာကြယ္ေရးတပ္ဖြဲ႕မ်ားနဲ႔ ခ်ိတ္ဆက္ သြားလာၾကဖို႔ Young Force – UG က အသိေပးထုတ္ျပန္ထားပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *