၂၀.၉.၂၀၂၃ နေ့ မို့လေဝသ အခြေအနေ

ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းမုန်တိုင်းငယ်ဟာဆိုရင် အိန္ဒိယနိုင်ငံအတွင်းကို ဝင်ရောက်သွားပြီဖြစ်ပါတယ်။ မုန်းတိုင်းငယ်ရဲ့ အရှိန်နဲ့အတူ အနောက်တောင်မုတ်သုန်လေဟာလည်း အားကောင်းနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသနဲ့ အောက်ပိုင်းဒေသတွေမှာ နေရာစိပ်စိပ်မိုးကြီးနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နေရာကျဲကျဲ မိုးကြီးနိုင်ပါတယ်။ ချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ နေရာစိစိပ် မိုးကြီးနိုင်ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မန္တလေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ပြီး မိုးကြီးမှာဖြစ်ပါတယ်။ စက်တင်ဘာလကုန်ခါနီးမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး တစ်ပြိုင်တည်းမှာပဲ မြန်မာနိုင်ငံအရှေ့ဘက်က တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာနိုင်တာကြောင့် မြန်မာနိုင်ငံ မိုးနှောင်းရာသီဟာ မိုးဆက်လက်ကောင်းနေအုံးမှာဖြစ်ပါတယ်ခမျာ။

ဘဂၤလားပင္လယ္ေအာ္မွာ စတင္ျဖစ္ေပၚခဲ့တဲ့ ေလဖိအားနည္းရပ္ဝန္းမုန္တိုင္းငယ္ဟာဆိုရင္ အိႏၵိယႏိုင္ငံအတြင္းကို ဝင္ေရာက္သြားၿပီျဖစ္ပါတယ္။ မုန္းတိုင္းငယ္ရဲ႕ အရွိန္နဲ႔အတူ အေနာက္ေတာင္မုတ္သုန္ေလဟာလည္း အားေကာင္းေနဆဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအထက္ပိုင္းေဒသနဲ႔ ေအာက္ပိုင္းေဒသေတြမွာ ေနရာစိပ္စိပ္မိုးႀကီးႏိုင္ၿပီး ျမန္မာႏိုင္ငံ အလယ္ပိုင္းမွာ ေနရာက်ဲက်ဲ မိုးႀကီးႏိုင္ပါတယ္။ ခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ မြန္ျပည္နယ္ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္းနဲ႔ တနသၤာရီတိုင္းတို႔မွာ ေနရာစိစိပ္ မိုးႀကီးႏိုင္ပါတယ္။

စစ္ကိုင္းတိုင္း၊ မေကြးတိုင္း မႏၲေလးတိုင္းေဒသႀကီးတို႔မွာ ေနရာကြက္ၿပီး မိုးႀကီးမွာျဖစ္ပါတယ္။ စက္တင္ဘာလကုန္ခါနီးမွာလည္း ဘဂၤလားပင္လယ္ေအာ္မွာ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚလာႏိုင္ၿပီး တစ္ၿပိဳင္တည္းမွာပဲ ျမန္မာႏိုင္ငံအေရွ႕ဘက္က ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ မုန္တိုင္းတစ္လုံးျဖစ္ေပၚလာႏိုင္တာေၾကာင့္ ျမန္မာႏိုင္ငံ မိုးေႏွာင္းရာသီဟာ မိုးဆက္လက္ေကာင္းေနအုံးမွာျဖစ္ပါတယ္ခမ်ာ။

Be the first to comment

Leave a Reply

Your email address will not be published.


*