ကျောက်မဲမှာပြန်စုထားဘီနော် ကြိတ်တော့AAရေ

ကျောက်မဲမြို့သို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ပြန်လည်‌ရောက်ရှိနေပြီး အရပ်ဝတ်များဖြင့် ကင်းလှည့်နေ

ဧရာဝတီတိုင်းမ်

ဇန်နဝါရီ ၃၁ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ပြန်လည်‌‌ ရောက်ရှိနေပြီး အရပ်ဝတ်များဝတ်ဆင်၍ ကျောက်မဲမြို့တွင်း ကင်းလှည့်နေ ကြောင်း ဒေသခံများထံကသိရသည်။

ကျောက်မဲမြို့ ခရိုင်ရုံးသို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ရောက်ရှိလာပြီးနောက် ကျောက်မဲမြို့မရဲစခန်းမှ Non CDM ရဲတပ်ဖွဲ့ဝင်များသည်လည်း ကျောက်မဲမြို့သို့ ပြန်လည်‌ရောက်ရှိလာပြီး ယခု ဇန်နဝါရီ လကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ကင်းလှည့်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“အခုရက်ထဲမှာ စစ်ကားတွေနဲ့မြို့ထဲပတ်ကင်းလှည့်နေတယ်။ ရဲတွေကတော့ အရပ် ဝတ်တွေ ဝတ်ဆင်ပြီး ကင်းလှည့်လိုက်ကြတယ်။ ခရိုင်ရဲရုံးနဲ့ မြို့မရဲရုံးက ဖွင့်တယ်ဆိုပေမယ့် အရင်လို ပေါ်တင်ကြီး မဟုတ်ဘူး။ တိုက်ပွဲအ‌ခြေအနေတွေ အေးသွားတော့ ဒီကောင်တွေပြန်ရောက်လာကြတာ။ ခုလောဆယ်တော့ အရပ်ဝတ်တွေ နဲ့ပဲရုံးဆင်းရုံးတက်လုပ်နေကြတယ်”ဟု ကျောက်မဲမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီလက်အောင် ရဲများအပါအဝင် Non CDM ဝန်ထမ်းအများစုသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်က မြို့ကိုစွန့်ခွာထွက်ပြေးပြီးနောက် ကျောက်မဲမြို့တွင် ပြင်းထန်သည့် တိုက်ပွဲများမရှိသည့်အတွက် Non CDM အများစု ပြန်လည်ရောက်ရှိလာပြီး စစ်ကောင်စီ၏ ယန္တရား ပုံမှန်လည်ပတ်နိုင်ရေးအတွက် အလုပ်များ ပြန်လည်လုပ်ကိုင်လာကြခြင်းဖြစ်သည်။

Non CDM ဝန်ထမ်းများသည် ဇန်နဝါရီလ တတိယပတ်ကစတင်၍ ကျောက်မဲခရိုင်ရဲရုံး၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ စည်ပင်ရုံးနှင့် မြန်မာ့စီးပွား ရေးဘဏ်တို့တွင် ပြန်လည် လုပ်ကိုင်နေကြပြီး ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည်လည်း ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျောက်မဲသို့ပြန်လည် ရောက်ရှိလာကြခြင်းဖြစ်သည်။

လက်ရှိတွင် ကျောက်မဲမြို့ရှိ မြို့ခံများကို ညနေ ၆ နာရီမှ စတင်၍ အိမ်အပြင် ထွက်ခွင့်မပြုသည့်တော့ဘဲ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းနှင့် ဘိုးဘွားရိပ်သာအနောက်ဘက် ကောင်းအက်ရွာတွင်လည်း စစ်ကောင်စီတပ် အင်အားအများအပြား တပ်ဖြန့် ထားကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ- စစ်ကောင်စီတပ်သားများ ကျောက်မဲမြို့တွင် ကင်းလှည့်နေစဥ်(ပုံဟောင်း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *