ပယ်ဆောက်ချိန်နှင့်အပေါင်းအပါတွေကိုပို့ဆောင်(ရုပ်သံ)

ကိုးကန့်ဒေသက ကျားဖျန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်းရဲ့ အဓိက တရားခံ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ တာဝန်ရှိသူကို နေပြည်တော်ကနေ တရုတ်အစိုးရထံ လွဲပြောင်းပေး (ရုပ်/သံ)

++++++++++++++++++++++++++

ဇန်နဝါရီ ၃၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ကျားဖျန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းရဲ့ အဓိက တရားခံဖြစ်တဲ့ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက နေပြည်တော်ကနေ တရုတ်တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်တယ်လို့ တရုတ်သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ပယ်ဆောက်ချိန် Bai Suocheng၊ ပယ်ရင့်ဆန်း Bai Yingcang (ပယ် ဆောက် ချိန်၏ သား) ၊ဝေစန်း (ခ) ဝေဝှိုင်ရန် Wei Huairen နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဌ ၊ လျှိုအားပေါက် (ခ) လျိုကျိန့်ရှန်း Liu Zhengxiang Fully Light ဖူလီလိုက် လုပ်ငန်းစု သူဌေး ၊လျှိုကျိန့် မောက် Liu Zhengmao ၊ ရွှီလောက်ဖား Xu Laofa တို့ကို အခြား အရေးကြီး တရားခံ ၄ ဦး စုစုပေါင်း ၁၀ ဦးတို့ကို စစ်ကောင်စီက နေပြည်တော်လေဆိပ်မှ တစ်ဆင့် တရုတ်တာဝန်ရှိသူများထံသို့ ဇန်နဝါရီ ၃၀ ရက် မနေ့ညပိုင်းက လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *