၃၁.၁.၂၀၂၄ရက်နေ့တွက်ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ

ဇန်နဝါရီ ၃၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။ရည်ညွှန်းဈေး ဧည့်မထ အုပ်စု ၁ အိတ်လျှင် ၇၀၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ် အထူး ဧည့်မထ အုပ်စု ၁ အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ် ဆန်ချော ၁ အိတ်လျှင် ၉၅၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ် ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၀၀၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၂၅၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ် ယင်းဈေးနှုန်းများမှာ စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၊ အသင်းဝင်များ ပြည်ပ တင်ပို့နေသည့် သူများ လိုက်နာရောင်းချရန် ရည်ညွှန်းထားသည့် ဈေးဖြစ်ပြီး စစ်ကောင်စီက သတ်မှတ်ထားသည့် ဈေးမှာလည်း ယခင်အတိုင်း ရှိနေသည်။ လက်ရှိပြင်ပဆန်ဈေးကွက်တွင် ယခင်တပတ်ထက် ဆန်ချော၊ ဆန်ကြမ်း တအိတ်လျှင် ကျပ် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ဆန်အမျိုးအစားပေါ်မူတည်၍ ဈေး များထပ် တက် လာပြီး အရောင်းအဝယ်မှာ အေးနေကြောင်း ဝါးတန်းလမ်း ဆန်ကုန်သည်များထံက သိရသည်။ပြင်ပဈေးရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၅၀၀၀၀ ကျပ်မှ ၁၅၈၀၀၀ ကျပ် ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၂၂၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ် ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၉၅၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်အထိ ဆန်ကြမ်း (နှံကား အသစ်) ၁ အိတ်လျှင် ၈၆၀၀၀ ကျပ်ကျော်စားအုန်းဆီစစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၃၈၀ ကျပ် ယင်းဈေးမှာ ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်နေ့ အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကား ဈေးဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် စားဆီ တင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့က ရောင်းချ ပေးနေကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်သိရသည်။ထိုသို့ ရောင်းချပေးနေသော်လည်း စားဆီ ဈေးမှာ လက်လီ စားသုံးသူများ၊ ဆိုင်သမားများ လိုသလောက်မရရှိပဲ အပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်ဝန်းကျင် တွင်ရှိနေသည်။ (ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ ဖြစ်ပြီး နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။)စက်သုံးဆီ ဓာတ်ဆီ ၉၂ ၁ လီတာ ၂၇၀၅ ကျပ်ဓာတ်ဆီ ၉၅ ၁ လီတာ ၂၈၄၅ ကျပ်ဒီဇယ် ၁ လီတာ ၂၄၅၀ ကျပ်ပရီမီယံ ဒီဇယ် ၁ လီတာ ၂၅၃၀ ကျပ်ယင်းမှာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီ ဈေးနှုန်းများကို တပတ်တခါ ဈေးနှုန်းအပြောင်းအလဲ သတ်မှတ်ပြုလုပ်ထားသည်ကို တွေ့ရသည်။ လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံး ရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်း၊ တချို့နေရာများတွင် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေသည်။ ထို့ပြင် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေး ထက် ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။ရွှေနှင့် ဒေါ်လာအမေရိကန် ၁ ဒေါ်လာလျှင် စစ်ကောင်စီ သတ်မှတ်ဈေးမှာ ၂၁၀၀ ကျပ်ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၃၅၀၀ ကျပ်ကျော်တွင်ရှိနေရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၃၆၆၃၀၀၀ ကျပ်ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၀၃၅ ဒေါ်လာ ပြင်ပ အကယ်ဒီအခေါက်ရွှေဈေး ၃၈၀၀၀၀၀ ကျပ်ကျော်တွင် ရှိနေပြင်ပ လက်ဝတ်ရတနာ (၁၅ ပဲရည်) ရွှေဈေး ၃၆၀၀၀၀၀ ကျပ်ကျော်တွင် ရှိနေအထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။#နေ့စဉ်ကုန်ဈေးနှုန်း#ဆန်ဈေး#ဆီဈေး#လောင်စာဆီဈေး#ရွှေဈေး#ဒေါ်လာဈေး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *