ဖရဲသီးတွေတော်ချက်ကားပြောင်းစီးတာကအစတိကျနေရော

ကျိုုက်ထိုမှာ စစ်ကောင်စီဗိုလ်ကြီးနှင့် အပေါင်းအပါတွေ စီးနင်းလာတဲ့ ယာဉ်တိုက်ခိုက်ခံရ+++++++++++++++++++++++ဇန်နဝါရီ၊ ၃၁မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ ဘီးလင်းမြို့သို့ စစ်အုပ်စုဘက်က ဗိုလ်ကြီးအပါအဝင် လိုက်ပါ စီနင်းလာတယ့်ကားကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ Kyikehto Revolution Force (KRF) မှသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ စစ်ကောင်စီဘက်တော်သား ၄ဦးမှ Honda fit ကားပေါ်မှာလိုက်ပါစီးနင်းလာတယ်လို့ သတင်းရရတာကြောင့် KRF နှင့် ကျိုက်ထို (ပ.က.ဖ) တို့ပူးပေါင်းကာ ကျိုက်ထို-ဘီးလင်းကြား အဝေးပြေးလမ်းမကြီး တနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ “သူတို့လာမယ်တိုဆိုတာလဲ ကျွန်တော်တို့က သတင်းကြိုရထားတယ်၊ နောက်ပြီး ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီးတော့ သူတို့ ကားပြောင်းလဲစီးတာလဲ သိရပါတယ္၊ အရင်ဆုံးလာတာက Pro-box ကားနဲ့ပါ၊ နေညက်မှ Honda fit နဲ့ ချိန်းလိုက်တာ” လို့ kRF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် မော်ကွန်းက မောင်းကို ပြောပါတယ်။ ပစ်ခတ်မှုကိုတော့ တော်လှန်ရေးအင်အားစုတွေက မောင်းပြန်အရှည် (၃) လတ်ဖြင့် ဝိုင်းပစ်ခဲ့ကြတာဖြစ်ပြီး ကားအရှေ့ဘီးထိသွားကာ ရှေ့ဘီးပေါက်ပြီး အနားက တံတားကို ဝင်စောင့်တယ်လို့ ဆိုပါတယ်။ “ကားက အမြန်လမ်းဆိုတော့ အရှိန်နဲ့မောင်းလာတာ ကီလို ၈၀ လောက်တောါရှိမယ်၊ ကားရှေ့ဘီးကို ထိတော့ ဘီးပေါက်ပြီး တံတားကို ဝင်ဆောက်တယ်ဗျ ပြီးတော့ ကားကအဲ့နေရာမှာပဲ ရပ်သွားပါတယ် ပြီးတော့ သူတို့ကို အနီးအနားက စကစ ဂိတ်က လာကြိုသွားတယ်လို့ ကြားရတယ်ဗျ” လို့ ရဲဘော် မော်ကွန်းက ပြောပါတယ်။ လက်ရှိမှာတော့ ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ (၄၄) တပ်က အရာရှိတစ်ယောက် ဒဏ်ရာရပြီး အတိအကျကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပစ်ခတ်မှုပြီးနောက် ခ.မ.ရ (၂) နှင့် သံတံတားဂိတ်တို့မှ လက်နက်ကြီး ၂လုံးစီ ပစ်ခတ်ခဲ့ရာ ညောင်ဝိုင်းကျေးရွာ နှင့် သရက်ကုန်းကျေးရွာ အောက်ပိုင်းကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ပြည်သူနေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃၊ ဒီဇင်ဘာ ၄ ရက်နေ့တုန်းကလည်း ဘီးလင်းကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ တပ်မ (၄၄) ရဲ့ ကား (၇) စီးပါ ယာဉ်တန်းကို တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးကာ ၆ဦးမှာ ဒဏ်ရာရသွားခဲ့ပါသေးတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *