တပ်ကြပ်တစ်ကောင် စာအုပ်ရောင်းရတော့မယ်

ခိုင်မှ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ သစ်ပုတ်တောင် ဓညဝတီရေတပ် စခန်းဌာနချုပ်မှ တပ်ကြပ်အဆင့်ရှိသူ တစ်ဦးမှာ ကိုယ်ထောင်မိုင်း ကိုယ်နင်းမိ၍ ခြေထောက်တစ်ဘက် ဖြတ်တောက်လိုက်ရကြောင်း နိရဥ္စရာ သတင်းဌာနက စုံစမ်းသိရှိရသည်။

မိုင်းထိထားသည့်တပ်ကြပ်အား ဒဏ်ရာဖြင့် ယမန်နေ့ဇန်နဝါရီလ ၃၁ ရက်၊ ညပိုင်းတွင် ကျောက်ဖြူ ပြည်သူ့ ဆေးရုံသို့ အရေးပေါ်  ယူဆောင် လာပြီး ခြေတစ်ဘက်ဖြတ်တောက်လိုက်ရခြင်းဖြစ်ကြောင်း ဆေးရုံနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ မြို့ခံများကပြောသည်။

” မနေ့က ညနေ ၆ နာရီလောက်မှာ သစ်ပုတ်တောင်ရေတပ်စခန်းက တပ်ကြပ်အဆင့်ရှိတဲ့ စစ်သားတယောက်ဟာ မိုင်းနင်းမိတယ်။ သူတို့ရေတပ်ဌာနချုပ်နားမှာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းနင်းမိတာလို့ကြားတယ်။ မိုင်းနင်းမိပြီးဒဏ်ရာနဲ့ကျောက်ဖြူဆေးရုံကို ရောက်လာတယ်။ ခြေထောက် တစ်ဘက်ဖြတ်လိုက်ရတယ်” ဟု ကျောက်ဖြူမြို့ခံလူငယ်တစ်ဦးကပြောသည်။

မိုင်းနင်းမိ၍ ခြေထောက်ဖြတ်တောက်လိုက်ရသည့် တပ်ကြပ်၏အမည်နှင့် တပ်ရင်းကိုတော့ နိရဥ္စရာအနေဖြင့် မသိရှိနိုင်သေးပေ။

အဆိုပါစစ်သားမှာ မိုင်းဒဏ်ရာဖြင့်ခြေထောက်ဖြတ်တောက်လိုက်ရသည့်အပြင် မျက်နှာ တစ်ခုလုံးလည်း ဒဏ်ရာများဖြင့် စုတ်ပြတ်သတ်နေကြောင်းလည်း သိရှိရသည်။

အဆိုပါမိုင်းနင်းမိသည့် စစ်သားကို သစ်ပုတ်တောင်မှ Speed ဘုတ်ဖြင့်သယ်ဆောင်လာခြင်းဖြစ်ပြီး ကျောက်ဖြူမြို့၊အမှတ်(၃)ဆိပ်ခံတံတားမှ ကမ်းကပ်ကာ ကျောက်ဖြူဆေးရုံသို့ပို့ဆောင်လာခြင်း ဖြစ်ကြောင်း မြို့ခံများကပြောသည်။

လက်ရှိ ဆေးရုံတွင် စစ်ကောင်စီတပ်သားများက လုံခြုံရေး အပြည့်ယူထားကြောင်း သိရသည်။

ခိုင္မွ အႀကီးဆုံးေရတပ္စခန္းျဖစ္သည့္ ေက်ာက္ျဖဴ သစ္ပုတ္ေတာင္ ဓညဝတီေရတပ္ စခန္းဌာနခ်ဳပ္မွ တပ္ၾကပ္အဆင့္ရွိသူ တစ္ဦးမွာ ကိုယ္ေထာင္မိုင္း ကိုယ္နင္းမိ၍ ေျခေထာက္တစ္ဘက္ ျဖတ္ေတာက္လိုက္ရေၾကာင္း နိရၪၥရာ သတင္းဌာနက စုံစမ္းသိရွိရသည္။

မိုင္းထိထားသည့္တပ္ၾကပ္အား ဒဏ္ရာျဖင့္ ယမန္ေန႔ဇန္နဝါရီလ ၃၁ ရက္၊ ညပိုင္းတြင္ ေက်ာက္ျဖဴ ျပည္သူ႔ ေဆး႐ုံသို႔ အေရးေပၚ ယူေဆာင္ လာၿပီး ေျခတစ္ဘက္ျဖတ္ေတာက္လိုက္ရျခင္းျဖစ္ေၾကာင္း ေဆး႐ုံႏွင့္နီးစပ္သည့္ အသိုင္းအဝိုင္းမွ ၿမိဳ႕ခံမ်ားကေျပာသည္။

” မေန႔က ညေန ၆ နာရီေလာက္မွာ သစ္ပုတ္ေတာင္ေရတပ္စခန္းက တပ္ၾကပ္အဆင့္ရွိတဲ့ စစ္သားတေယာက္ဟာ မိုင္းနင္းမိတယ္။ သူတို႔ေရတပ္ဌာနခ်ဳပ္နားမွာ သူတို႔ကိုယ္တိုင္ေထာင္ထားတဲ့ မိုင္းနင္းမိတာလို႔ၾကားတယ္။ မိုင္းနင္းမိၿပီးဒဏ္ရာနဲ႔ေက်ာက္ျဖဴေဆး႐ုံကို ေရာက္လာတယ္။ ေျခေထာက္ တစ္ဘက္ျဖတ္လိုက္ရတယ္” ဟု ေက်ာက္ျဖဴၿမိဳ႕ခံလူငယ္တစ္ဦးကေျပာသည္။

မိုင္းနင္းမိ၍ ေျခေထာက္ျဖတ္ေတာက္လိုက္ရသည့္ တပ္ၾကပ္၏အမည္ႏွင့္ တပ္ရင္းကိုေတာ့ နိရၪၥရာအေနျဖင့္ မသိရွိႏိုင္ေသးေပ။

အဆိုပါစစ္သားမွာ မိုင္းဒဏ္ရာျဖင့္ေျခေထာက္ျဖတ္ေတာက္လိုက္ရသည့္အျပင္ မ်က္ႏွာ တစ္ခုလုံးလည္း ဒဏ္ရာမ်ားျဖင့္ စုတ္ျပတ္သတ္ေနေၾကာင္းလည္း သိရွိရသည္။

အဆိုပါမိုင္းနင္းမိသည့္ စစ္သားကို သစ္ပုတ္ေတာင္မွ Speed ဘုတ္ျဖင့္သယ္ေဆာင္လာျခင္းျဖစ္ၿပီး ေက်ာက္ျဖဴၿမိဳ႕၊အမွတ္(၃)ဆိပ္ခံတံတားမွ ကမ္းကပ္ကာ ေက်ာက္ျဖဴေဆး႐ုံသို႔ပို႔ေဆာင္လာျခင္း ျဖစ္ေၾကာင္း ၿမိဳ႕ခံမ်ားကေျပာသည္။

လက္ရွိ ေဆး႐ုံတြင္ စစ္ေကာင္စီတပ္သားမ်ားက လုံၿခဳံေရး အျပည့္ယူထားေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *