အမြန်လမ်းပေါ်က ကိုလှဆွေတို့ မှတ်လောက်သားလောက်ရှိစ

အမြန်လမ်းရှိ ရဲကင်းတစ်ခု တိုက်ခိုက်ခံရစန္ဒီမန္တလေးတိုင်း၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းတစ်ခု ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။ဇန်နဝါရီ ၃၁ ရက် နံနက် ၁၁ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင် အမှတ် ၃၁၉/၆-၇၊ တံဇောက်ချောင်းတံတားရှိ လုံခြုံရေး ရဲကင်းစခန်းအား နွားထိုးကြီး NPDFအဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေ စုံစမ်းနေကြောင်း နွားထိုးကြီး NPDFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။”အဲဒီဂိတ်က အမြန်လမ်းပေါ်သွားတဲ့ယာဥ်တွေကို စစ်ဆေးပြီးငွေညှစ်တဲ့ဂိတ်ပါ။”ဟု နွားထိုးကြီးPDFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။စစ်ကောင်စီဘက်ကမူ ဗုံးမှာ လုံခြုံရေးရဲကင်းနှင့် ၃ ပေခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိဟု ဝါဒဖြန့်ထားသည်။နွားထိုးကြီး PDFအဖွဲ့သည် မြင်းခြံနှင့် မိတ္ထီလာခရိုင်အတွင်း စစ်ဆင်ရေးများပြုလုပ်နေရာမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်အထိတိုက်ခိုက်လာခြင်းဖြစ်သည်။အလားတူ NPDF အဖွဲ့သည် ထိုနေ့ကပင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာနှင့် မလှိုင်မြို့နယ်၊ သုံးတောင်ကျေးရွာရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးများချကာ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။(အမြန်လမ်းပေါ်ရှိ ရဲကင်းစခန်းအား ဗုံးချတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ – File Photo)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *