စိတ်ချပါ .. တာဝန်ပြီးတဲ့အထိမနေရပါဘူး ..ကြင်စိုးရာ

တာဝန်ပြီးရင် ကာလုံခေါ်ကာ တာဝန်ပြန်အပ်မည်ဟု စစ်ခေါင်းဆောင် ပြောဆို

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၃ ရက်

တိုင်းနှင့်ပြည်နယ်အနှံ တော်လှန်အင်အားစုများ၏ တိုက်ခိုက်ခြင်းခံနေရသည့် စစ်ကောင်စီတပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းအနေဖြင့် တာဝန်ထမ်းဆောင်ပြီးရင် ကာလုံအစည်းဝေးခေါ်ကာ တာဝန်ပြန်အပ်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာသည်။

ရှမ်းမြောက်၊ စစ်ကိုင်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်များနှင့် စစ်စခန်းများ တပ်ရင်းများ ဆုံးရှုံးလာပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄)သို့ တက်ရောက်ပြီး ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

” အရေးပေါ် ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရား မျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟု ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲရလဒ်အပေါ် အရေးယူဆောင်ရွက်မှုအပေါ် ကျေနပ်မှုမရှိသူများက သာမန်ဆန္ဒပြမှုများမှတဆင့် ဆူပူဆန္ဒမှုများ၊ ၎င်းမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက် မှုများ၊ မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သဖြင့် သာမန်အခြေအနေပျက်ယွင်းသွားခဲ့ခြင်းကြောင့် ယခုလို့ အချိန်ကြာမြင့်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။

ဒါ့ပြင် တိုင်းရင်သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကိုလည်း စစ်သင်တန်းပေးခြင်းနှင့် လက်နက်ခဲယမ်းများထောက်ပံ့ပေးခြင်းတို့ပြုလုပ်ခဲ့သဖြင့် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ဆောင်မှုများဖြစ်ကြောင်းပြစ်တင်ပြောဆိုခဲ့သည်။

လက်ရှိတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်တွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်နှင့် စစ်စခန်းနှင့် တပ်ရင်းပေါင်း ၃၅၀ ကျော် လက်လွှတ်ခဲ့ရပြီဖြစ်သည်။

ဒီအခြေသည့် မြန်မာစစ်တပ်သမိုင်းတွင် အကြီးမားဆုံးသော စစ်ရှုံးသည့် အခြေအနေတစ်ခုဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူများအကြား ပြောဆိုမှုများလည်း ရှိနေသည်။

တာဝန္ၿပီးရင္ ကာလုံေခၚကာ တာဝန္ျပန္အပ္မည္ဟု စစ္ေခါင္းေဆာင္ ေျပာဆို
ဧရာဝတီတိုင္းမ္
ေဖေဖာ္ဝါရီ ၃ ရက္
တိုင္းႏွင့္ျပည္နယ္အႏွံ ေတာ္လွန္အင္အားစုမ်ား၏ တိုက္ခိုက္ျခင္းခံေနရသည့္ စစ္ေကာင္စီတပ္ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ၎အေနျဖင့္ တာဝန္ထမ္းေဆာင္ၿပီးရင္ ကာလုံအစည္းေဝးေခၚကာ တာဝန္ျပန္အပ္မည္ ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလာသည္။
ရွမ္းေျမာက္၊ စစ္ကိုင္း၊ ခ်င္းႏွင့္ ရခိုင္ျပည္နယ္တို႔ရွိ ၿမိဳ႕နယ္မ်ားႏွင့္ စစ္စခန္းမ်ား တပ္ရင္းမ်ား ဆုံးရႈံးလာၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျပဳလုပ္သည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး(၁/၂၀၂၄)သို႔ တက္ေရာက္ၿပီး ယခုလို ေျပာၾကားခဲ့ျခင္းျဖစ္သည္။
” အေရးေပၚ ကာလ ဆိုင္ရာ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ၿပီးစီးပါက လြတ္လပ္ၿပီးတရား မွ်တေသာ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲက်င္းပ၍ ထြက္ေပၚလာသည့္ အစိုးရအား ႏိုင္ငံေတာ္တာဝန္လႊဲအပ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္”ဟု ေျပာဆိုခဲ့သည္။
ေ႐ြးေကာက္ပြဲရလဒ္အေပၚ အေရးယူေဆာင္႐ြက္မႈအေပၚ ေက်နပ္မႈမရွိသူမ်ားက သာမန္ဆႏၵျပမႈမ်ားမွတဆင့္ ဆူပူဆႏၵမႈမ်ား၊ ၎မွတစ္ဆင့္ အၾကမ္းဖက္တိုက္ခိုက္ မႈမ်ား၊ မိုင္းခြဲတိုက္ခိုက္မႈမ်ား ျပဳလုပ္လာခဲ့သျဖင့္ သာမန္အေျခအေနပ်က္ယြင္းသြားခဲ့ျခင္းေၾကာင့္ ယခုလို႔ အခ်ိန္ၾကာျမင့္ခဲ့ရျခင္းျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာဆိုသြားသည္။
ဒါ့ျပင္ တိုင္းရင္သားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ားကိုလည္း စစ္သင္တန္းေပးျခင္းႏွင့္ လက္နက္ခဲယမ္းမ်ားေထာက္ပံ့ေပးျခင္းတို႔ျပဳလုပ္ခဲ့သျဖင့္ သာမန္အေျခအေနကို ထိခိုက္ေစသည့္ လုပ္ေဆာင္မႈမ်ားျဖစ္ေၾကာင္းျပစ္တင္ေျပာဆိုခဲ့သည္။
လက္ရွိတြင္ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္လက္ထက္တြင္ ၿမိဳ႕နယ္ေပါင္း ၃၇ ၿမိဳ႕နယ္ႏွင့္ စစ္စခန္းႏွင့္ တပ္ရင္းေပါင္း ၃၅၀ ေက်ာ္ လက္လႊတ္ခဲ့ရၿပီျဖစ္သည္။
ဒီအေျခသည့္ ျမန္မာစစ္တပ္သမိုင္းတြင္ အႀကီးမားဆုံးေသာ စစ္ရႈံးသည့္ အေျခအေနတစ္ခုျဖစ္ေၾကာင္း ျမန္မာ့အေရးေလ့လာသုံးသပ္သူမ်ားအၾကား ေျပာဆိုမႈမ်ားလည္း ရွိေနသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *