နေရာကွက်ကြား ငှက်ပျောဖူးမိုးရွာ(ရုပ်/သံ)

မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာ ဘုရားကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

+++++++++++++++++++++++

ဖေဖော်ဝါရီ ၃ ရက်

မန္တလေးတိုင်း မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာ ဘုရားကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၄ မှ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သား ၃ ဉီးသေဆုံးပြီး ၄ ဉီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၃၁ ရက် နေ့လယ် ၁၁ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမ စည်ကြီးဆွဲဘုရားအနီးမှ ဂိတ်ဖွင့်ပြီး ပိုက်ဆံတောင်းနေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၁ လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၃၁ ရက် နေ့လယ် ၁ နာရီခန့်က နွားထိုးကြီးမြို့နယ် ပြင် စည်ကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဉီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ထို့နောက် ဖေဖော်ဝါရီ ၃၁ ရက် နေ့လယ် ၃ နာရီခန့်က မလှိုင်မြို့နယ် သုံးတောင် ကျေးရွာစာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုတွေကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း – Natogyi People Defence Force မှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *