ကောလင်းကိုခဝေးတွေ ယုတ်မာနေကြဘီ

ကောလင်းတွင် တိုက်ပွဲအပြင်းအထန် ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က စစ်ကြောင်း ၄ ကြောင်းခွဲကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၄ရက်

တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းယူထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီက ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ညပိုင်းက အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ည ၇နာရီ ၃၀ မိနစ်ခန့်က ကောလင်းမြို့၏ တောင်ဘက်နှင့် မြောက်ဘက်ခြမ်းတို့ကို စစ်ကြောင်း လေးကြောင်းခွဲကာ ဝင်ရောက် လာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

“လေယာဥ်တွေနဲ့ ဝန်းသို၊ ကိုးတောင်ဘို့တို့ကို စစ်ကူတွေပို့ ကတည်းက ကောလင်း မြို့ထဲရှိသူတွေကို ကိုယ့်ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ရောရွှေ့ပေးနေတာ။ ညကတော့ တိုက်ပွဲစဖြစ်တယ်။ ကောလင်းက လုံးဝအရေးပေါ် အခြေအနေဖြစ်နေပြီ။ အခု မြို့ထဲနေသူတွေ အရေးပေါ်တိမ်းရှောင်ကုန်ကြပြီ” ဟုကောလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁ရက်နေ့မှ ၃ရက် နေ့အတွင်း ကောလင်းမြို့ကို စစ်ကြောင်းထိုးရန်အတွက် ဝန်းသို ခမရ-၁၂၀တပ်တွင်းသို့ Mi-17 (ဗိုက်ဖောင်းရဟတ်ယာဥ်) ဖြင့် (၇) ကြိမ်၊ ကိုးတောင်ဘို့ စစ်စခန်းသို့ အဆိုပါရဟတ်ယာဥ် ဖြင့် (၈) ကြိမ်ဆင်းသက်၍ စစ်ကူအင်အားများ ဖြည့်တင်းခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များသည် ယနေ့ ဖေဖော်ဝါရီ ၄ရက်နေ့တွင် ကြခတ်အိုင်ရွာအနောက်ဘက်မှတဆင့် ဒေါင်းမြူးချောင်းကိုကျော်ကာ ကောလင်းမြို့အတွင်းသို့ ဝင်ရောက် လျက်ရှိကြောင်း သိရသည်။

ဝန်းသို ခမရ-၁၂၀ တပ်မှလည်း အင်အား ၁၅၀ခန့်ရှိ စစ်ကောင်စီတပ်သားများကို ယမန်နေ့ ဖေဖော်ဝါရီ ၃ရက်က စစ်ကြောင်းများခွဲ၍ ကောလင်းမြို့မြောက်ဘက် မိုးကောင်းတောင်ကို ဝင်ရောက်စီးနင်း လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ကောလင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး မြို့တွင်းရှိ ပြည်သူများ အရေးပေါ် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်းကတည်းက ကောလင်းကို စစ်ကြောင်းထိုးဝင်ရောက်ရန်ရည်ရွယ်၍ ကန့်ဘလူနယ်အတွင်းသို့ လေယာဥ်ဖြင့်ဗုံးများ ကြဲချခြင်း၊ မြေပြင်မှစစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာစဥ်တလျောက် မီးရှို့ဖျက်ဆီးမှု များကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ကောလင်းမြို့အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်သည့် တပ်များမှာ ဝန်းသိုနှင့် ကိုးတောင်ဘို့တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာမက ကန့်ဘလူ တင့်ကားတပ်ရင်း တကရ- ၆၀၀၆ နှင့် စစ်ကောင်စီ ကြံစိုက်ပျိုးရပ် တပ်အတွင်းစုဆောင်းထားသည့် တပ်မ၊တပ်ရင်းပေါင်းစုံမှတပ်သားများ၊ ပျူများပါ အင်အားအလုံးအရင်းနှင့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ေကာလင္းတြင္ တိုက္ပြဲအျပင္းအထန္ ျပန္လည္ျဖစ္ပြားေနၿပီး စစ္ေကာင္စီတပ္က စစ္ေၾကာင္း ၄ ေၾကာင္းခြဲကာ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္
ဧရာဝတီတိုင္းမ္
ေဖေဖာ္ဝါရီ ၄ရက္
ေတာ္လွန္ေရးတပ္ေပါင္းစုမ်ား သိမ္းယူထိန္းခ်ဳပ္ထားသည့္ ေကာလင္းၿမိဳ႕ကို စစ္ေကာင္စီက ယမန္ေန႔ ေဖေဖာ္ဝါရီ ၃ ရက္ေန႔ ညပိုင္းက အင္အားအလုံး အရင္းျဖင့္ စစ္ေၾကာင္းထိုးဝင္ေရာက္လာသည့္အတြက္ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။
စစ္ေကာင္စီတပ္သည္ ယမန္ေန႔ ည ၇နာရီ ၃၀ မိနစ္ခန္႔က ေကာလင္းၿမိဳ႕၏ ေတာင္ဘက္ႏွင့္ ေျမာက္ဘက္ျခမ္းတို႔ကို စစ္ေၾကာင္း ေလးေၾကာင္းခြဲကာ ဝင္ေရာက္ လာသည့္အတြက္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားလ်က္ရွိသည္ဟု ေကာလင္းခ႐ိုင္အမွတ္ (၁) တပ္ရင္းက ထုတ္ျပန္ထားသည္။
“ေလယာဥ္ေတြနဲ႔ ဝန္းသို၊ ကိုးေတာင္ဘို႔တို႔ကို စစ္ကူေတြပို႔ ကတည္းက ေကာလင္း ၿမိဳ႕ထဲရွိသူေတြကို ကိုယ့္ရဲ႕ ကာကြယ္ေရးတပ္ဖြဲ႕ေတြက ေရာေ႐ႊ႕ေပးေနတာ။ ညကေတာ့ တိုက္ပြဲစျဖစ္တယ္။ ေကာလင္းက လုံးဝအေရးေပၚ အေျခအေနျဖစ္ေနၿပီ။ အခု ၿမိဳ႕ထဲေနသူေတြ အေရးေပၚတိမ္းေရွာင္ကုန္ၾကၿပီ” ဟုေကာလင္းၿမိဳ႕ခံ အမ်ိဳးသမီးတစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။
စစ္ေကာင္စီသည္ ေဖေဖာ္ဝါရီ ၁ရက္ေန႔မွ ၃ရက္ ေန႔အတြင္း ေကာလင္းၿမိဳ႕ကို စစ္ေၾကာင္းထိုးရန္အတြက္ ဝန္းသို ခမရ-၁၂၀တပ္တြင္းသို႔ Mi-17 (ဗိုက္ေဖာင္းရဟတ္ယာဥ္) ျဖင့္ (၇) ႀကိမ္၊ ကိုးေတာင္ဘို႔ စစ္စခန္းသို႔ အဆိုပါရဟတ္ယာဥ္ ျဖင့္ (၈) ႀကိမ္ဆင္းသက္၍ စစ္ကူအင္အားမ်ား ျဖည့္တင္းခဲ့ေၾကာင္းသိရသည္။
စစ္ေကာင္စီတပ္ရင္းတပ္ဖြဲ႕မ်ားသည္ ယေန႔ ေဖေဖာ္ဝါရီ ၄ရက္ေန႔တြင္ ၾကခတ္အိုင္႐ြာအေနာက္ဘက္မွတဆင့္ ေဒါင္းျမဴးေခ်ာင္းကိုေက်ာ္ကာ ေကာလင္းၿမိဳ႕အတြင္းသို႔ ဝင္ေရာက္ လ်က္ရွိေၾကာင္း သိရသည္။
ဝန္းသို ခမရ-၁၂၀ တပ္မွလည္း အင္အား ၁၅၀ခန္႔ရွိ စစ္ေကာင္စီတပ္သားမ်ားကို ယမန္ေန႔ ေဖေဖာ္ဝါရီ ၃ရက္က စစ္ေၾကာင္းမ်ားခြဲ၍ ေကာလင္းၿမိဳ႕ေျမာက္ဘက္ မိုးေကာင္းေတာင္ကို ဝင္ေရာက္စီးနင္း လ်က္ရွိေၾကာင္း သိရသည္။
စစ္ေကာင္စီက အင္အားအလုံးအရင္းျဖင့္ စစ္ေၾကာင္းထိုးဝင္ေရာက္လာသည့္အတြက္ ေကာလင္းရွိ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားလ်က္ရွိၿပီး ၿမိဳ႕တြင္းရွိ ျပည္သူမ်ား အေရးေပၚ ထြက္ေျပးတိမ္းေရွာင္လ်က္ရွိေၾကာင္းသိရသည္။
စစ္ေကာင္စီတပ္သည္ ၿပီးခဲ့သည့္ ရက္ပိုင္းမ်ား အတြင္းကတည္းက ေကာလင္းကို စစ္ေၾကာင္းထိုးဝင္ေရာက္ရန္ရည္႐ြယ္၍ ကန္႔ဘလူနယ္အတြင္းသို႔ ေလယာဥ္ျဖင့္ဗုံးမ်ား ႀကဲခ်ျခင္း၊ ေျမျပင္မွစစ္ေၾကာင္းထိုးဝင္ေရာက္ၿပီး ႐ြာစဥ္တေလ်ာက္ မီးရႈိ႕ဖ်က္ဆီးမႈ မ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။
ေကာလင္းၿမိဳ႕အတြင္းသို႔ စစ္ေၾကာင္းထိုးဝင္ေရာက္သည့္ တပ္မ်ားမွာ ဝန္းသိုႏွင့္ ကိုးေတာင္ဘို႔တပ္မွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသာမက ကန္႔ဘလူ တင့္ကားတပ္ရင္း တကရ- ၆၀၀၆ ႏွင့္ စစ္ေကာင္စီ ႀကံစိုက္ပ်ိဳးရပ္ တပ္အတြင္းစုေဆာင္းထားသည့္ တပ္မ၊တပ္ရင္းေပါင္းစုံမွတပ္သားမ်ား၊ ပ်ဴမ်ားပါ အင္အားအလုံးအရင္းႏွင့္ ဝင္ေရာက္လ်က္ရွိေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *