လေယဉ်နဲ့ဒရုန်းမှားတာဆိုတော့ ဒါနတ်ကိုင်တာပဲ

ရခိုင်ရှိ ဒေသခံများကို ဗုံးကြဲပြီး စစ်တွေလေဆိပ် ပြန်ဆင်း လာသည့် အပေါ့စားသယ်ယူပို့ဆောင်ရေး လေယာဥ်ကို AA ဒရုန်းထင်ကာ မှားယွင်းပစ်ခတ်၍ ပစ်ခတ်ခဲ့သူများ ရိုက်နှက်စစ်ဆေးခံနေရ

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၄ရက်

ရခိုင်ပြည်နယ်ရှိ စစ်ရေးပြင်းထန်နေသည့်နယ်မြေအချို့ကို ဗုံးကြဲပြီး စစ်တွေလေဆိပ်သို့ပြန်လည် ဆင်းသက်လာသည့် စစ်ကောင်စီ၏ လေယာဥ်ကို လေဆိပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မှားယွင်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၄ရက် ည ၇နာရီ ၃၀မိနစ်ခန့်က ဗုံးကြဲပြီး စစ်တွေလေဆိပ်သို့ ပြန်လာသည့် စစ်ကောင်စီ၏ Y-12 Military light transport aircraft လေယာဥ်ကို လေဆိပ်တွင်စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မှားယွင်းပစ်ခတ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

လေဆိပ်အတွင်းဆင်းသက်လာသည့် လေယာဥ်ကို ရက္ခိုင့်တပ်တော် (AA) ၏ ဒရုန်းဟုထင်မှတ်ကာပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပစ်ခတ်မှုကြောင့် Y-12 ရဟတ်ယာဥ်မှာ ထိခိုက်ပျက်စီးမှု များပြားကြောင်းသိရသည်။

“AA က လွှတ်တဲ့ ဒရုန်းထင်ပြီး ဝိုင်းပစ်ကြတယ်ပြောတယ်။ လေယာဥ်လား ဒရုန်းလား မခွဲနိုင်တော့ဘူးဆိုတော့ မူးနေတာလား၊ အကြောက်လွန်နေတာလားပဲ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ မှားယွင်းပစ်ခတ်ခဲ့သည့် စစ်ကောင်စီ၏ လေဆိပ်အစောင့်တပ်သားများကို ရိုက်နှက်ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန်စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်ရှိ နေရာအနှံ့တွင် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံနေရပြီး စစ်ကောင်စီက မြို့တော်စစ်တွေကို နောက်ဆုံး ခံစစ်၊ မဆုတ်တမ်းခံစစ်အဖြစ် ပြင်ထားကာ လုံခြုံရေးများတိုးမြှင့်၍ ညမထွက်ရအမိန့်များပါ ကြေညာထားသည်။

အဆိုပါ လေယာဥ်ကို အချင်းချင်းမှားယွင်းပစ်ခတ်ခဲ့ သည့်အတွက် လေဆိပ်အတွင်း ကြောက်လန့်တကြားနှင့်

ရုတ်ရုတ်သည်းသည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်တွေလေဆိပ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *