အလန်းစားဒရုန်းနဲ့ အုန်းလိုက်တာ ထိချက်ကကွက်စတိ ရုပ်သံ

ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း အမှတ် (၄၁၀) ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

++++++++++++++++++++++++++++

ဖေဖော်ဝါရီ ၆ ရက်

တနင်္သာရီတိုင်းဒေသကြီး ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကလိန်အောင်မြို့နဲ့ ကျောက်ရှပ် ကျေးရွာကြားမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ခြေမြန်တပ်ရင်း အမှတ် (၄၁၀)အား ဒရုန်း နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dawei Defense Team – DDTမှ သတင်းထုတ်ပြန်ထားပါ တယ်။

ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီခွဲခန့်က ကလိန်အောင်မြို့နဲ့ ကျောက်ရှပ် ကျေးရွာကြားမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း အမှတ် (၄၁၀)အား SFZ Droneအမျိုးအစားနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဘက်က သေနတ်ထိခိုက်မှုများရှိခဲ့ပြီး လက်နက်ငယ် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များ အနီးရှိ ဒေသခံပြည်သူပိုင် ဉယျာဉ်ခြံများကြား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ တပ်ရင်းအတွင်းရှိ အဆောက် အအုံအချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်များမှ စုံစမ်းသိရကြောင်း ထုတ်ပြန်ထားပါတယ်။

အထက်ပါစစ်ဆင်ရေးကို Dawei Defense Team-DDTတပ်ခွဲ(၃)အပါဝင် ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄)၏ ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *