ဖျင်ပိတ်ပြီးငြင်း ဘယ်တုန်းကမှဝန်မခံဘူး

ဒီးမော့ဆိုစာသင်ကျောင်းနှင့် ဆီဆိုင်မြို့ဗုံးကြဲမှုအပေါ် စစ်ကောင်စီ ငြင်းဧရာဝတီ၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၄ ကရင်နီပြည် (ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ ကျေး ရွာစာသင်ကျောင်း၊ ဆေးခန်းနှင့် ဆီဆိုင်မြို့ရှိ ဘာသာရေးအဆောက် အအုံအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ ၎င်းတို့ပြုလုပ်ခြင်း မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုသည်။စစ်တပ်အနေဖြင့် ဒီးမော့ဆိုမြို့နယ်အတွင်းသို့ လေကြောင်းပျံသန်းမှု မရှိကြောင်းနှင့် ဆီဆိုင်မြို့တွင်လည်း ဖေဖော်ဝါရီ ၂ ရက်က လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်ခဲ့မှုများ မလုပ်ခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ၌ ဖော်ပြထားသည်။ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ထူကိုယ်ထ စာသင် ကျောင်း ၂ ခုအား ဖေဖော်ဝါရီ ၅ ရက်တွင် စစ် ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၄ ဦး၊ သေဆုံးကာ ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မှ ထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၂ ကျောင်း၊ ဆေးရုံ ၁ ရုံ၊ ဘုရားကျောင်း ၁ ကျောင်းအပါအဝင် ဒေသခံများနှင့် စစ်ရှောင်များ၏ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံများပြောကြားချက်များအရ သိရသည်။ ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) မှ ထိန်းချုပ်လိုက်ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ဇဝနာရာမပရိယတ္တိ စာသင်တိုက်ကြီး၏ အဆောက်အဦများ ထိမှန်ပျက်စီးခဲ့ရကြောင်း PNLA ကလည်း ထုတ်ပြန်သည်။စစ်ကောင်စီဘက်က ထိုဖြစ်စဉ်မှာ အဝေးမှ လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းကြောင့် ထိမှန်ပျက်စီးခြင်းသာ ဖြစ်ပြီး သတင်းဌာနများအနေဖြင့်လည်း ပြည်သူများ အထင်အမြင်လွဲမှားစေရန် သတင်းတုသတင်းမှားများ ဖြန့်ဝေလျက်ရှိ ကြောင်း ၎င်းတို့ပိုင်သတင်းဌာန၊ သတင်းစာများမှတဆင့် သတင်းမှန်များကို ပြန်လည်ထုတ်လွှင့်ပေးနေကြောင်း ဆို ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *