တက္ကသိုလ်တတ်ချင်တဲ့ ဘောမတွေပျော်လိုက်ကြ

ပုသိမ်တက္ကသိုလ်တွင် ဆရာနှင့် ကျောင်းသားများကို အခြေခံစစ်သင်တန်းပေးနေ

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၉ ရက်

ဧရာ၀တီတိုင်း ပုသိမ်တက္ကသိုလ် တွင် စစ်ကောင်စီ၏ ညွန်ကြားမှုနှင့် တက္ကသိုလ်အရန်တပ်ခွဲ အဖြစ် အခြေခံစစ်သင်တန်းကို ဖေဖော်ဝါရီလ ၅ရက်နေ့ မှ တစ်လကြာ သင်တန်းပေးနေကြောင်းသတင်းရရှိသည်။

အဆိုပါသင်တန်းကို ပုသိမ်တက္ကသိုလ်၀န်းအတွင်းတွင် ဖွင့်လှစ်နေပြီး ပုသိမ်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ဆရာ၊ဆရာမ ၊ ကျောင်းသား၊ ကျောင်းသူ၁၁၆ဦးတက်ရောက်နေကြောင်းသိရှိရသည်။

“မတက်မနေရလို့ ညွန်ကြားထားတာမဟုတ်ဘူး ခုတက်နေတဲ့လူတွေက ပညာတတ် တက္ကသိုလ်ကျောင်းသားတွေ ချည်းပဲ သူတို့ကိုယ်တိုင်က စစ်ပညာကိုလေ့လာခြင်တာမျိုးရယ်၊ တိုင်းပြည်ကို ကာကွယ်ဖို့ ဆိုပြီး အမြင်ရှိတဲ့သူတစ်ချို့ တက်ကြတာ တက္ကသိုလ်တွေမှ ခုလို အရန်တပ်တွေဖွဲ့ဖို့လဲ ညွန်ကြားထားလို့ သူတို့သဘောနဲ့ သူတို့တက်ကြတာ”ဟု ပုသိမ်တက္ကသိုလ်မှ ဆရာတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်သင်တန်းတက်ရောက်သူများအနေနှင့် အဆိုပါသင်တန်းပြီးပါက စစ်ကောင်စီ ၏ ဗိုလ်သင်တန်းကို တက်ရောက်ခွင့် ရမည်ဟုစည်းရုံးမှုများကြောင့်တက္ကသိုလ် ကျောင်းသားကျောင်းသူများအတွင်းမှ စစ်ကောင်စီနှင့် နီးစပ်သည့်မိသားစု၀င်များ တက်ရောက်ကြခြင်းဖြစ်ကြောင်း ကျောင်းသားတစ်ဦးမှပြောသည်။

“အဓိက တက္ကသိုလ်ကျောင်းသားတွေဆရာတွေကို သင်ကြားပေးနေတာကတော့ ကလတ(၇)လေ့ကျင်ရေးတပ် ပုသိမ်မြို့လွှတ်တော်ရဲ့ အနောက်ဘက်ကတပ်က သင်ကြားပေးနေတာတွေ့ရတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများအတွင်း ပြုန်းတီးလာသော စစ်အင်အားကို ပြန်လည် ဖြည့်တင်းနိုင်ရန် ထောင်ကျနေသော တပ်ပြေးများနှင့်စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူနေခြင်း တက္ကသိုလ်တက်ရောက်နေသော ကျောင်းသားများကို ရာထူးနှင့်စည်းရုံးခြင်း၊ ရပ်ကွက်ကျေးရွာများရှိ လူငယ်များကိုလည်း ငွေကြေးဖြင့်စည်းရုံးခြင်းနှင့် အတင်းအဓ္ဓမ စစ်တပ်သို့ ၀င်ရောက်ခိုင်းခြင်းများ ပြုလုပ်နေ ကြောင်းသိရှိရသည်။

ပုသိမ္တကၠသိုလ္တြင္ ဆရာႏွင့္ ေက်ာင္းသားမ်ားကို အေျခခံစစ္သင္တန္းေပးေန
ဧရာဝတီတိုင္းမ္
ေဖေဖာ္ဝါရီ ၉ ရက္
ဧရာ၀တီတိုင္း ပုသိမ္တကၠသိုလ္ တြင္ စစ္ေကာင္စီ၏ ၫြန္ၾကားမႈႏွင့္ တကၠသိုလ္အရန္တပ္ခြဲ အျဖစ္ အေျခခံစစ္သင္တန္းကို ေဖေဖာ္ဝါရီလ ၅ရက္ေန႔ မွ တစ္လၾကာ သင္တန္းေပးေနေၾကာင္းသတင္းရရွိသည္။
အဆိုပါသင္တန္းကို ပုသိမ္တကၠသိုလ္၀န္းအတြင္းတြင္ ဖြင့္လွစ္ေနၿပီး ပုသိမ္ၿမိဳ႕ေပၚရွိ တကၠသိုလ္မ်ားမွ ဆရာ၊ဆရာမ ၊ ေက်ာင္းသား၊ ေက်ာင္းသူ၁၁၆ဦးတက္ေရာက္ေနေၾကာင္းသိရွိရသည္။
“မတက္မေနရလို႔ ၫြန္ၾကားထားတာမဟုတ္ဘူး ခုတက္ေနတဲ့လူေတြက ပညာတတ္ တကၠသိုလ္ေက်ာင္းသားေတြ ခ်ည္းပဲ သူတို႔ကိုယ္တိုင္က စစ္ပညာကိုေလ့လာျခင္တာမ်ိဳးရယ္၊ တိုင္းျပည္ကို ကာကြယ္ဖို႔ ဆိုၿပီး အျမင္ရွိတဲ့သူတစ္ခ်ိဳ႕ တက္ၾကတာ တကၠသိုလ္ေတြမွ ခုလို အရန္တပ္ေတြဖြဲ႕ဖို႔လဲ ၫြန္ၾကားထားလို႔ သူတို႔သေဘာနဲ႔ သူတို႔တက္ၾကတာ”ဟု ပုသိမ္တကၠသိုလ္မွ ဆရာတစ္ဦးကဧရာ၀တီတိုင္းမ္ကိုေျပာသည္။
စစ္သင္တန္းတက္ေရာက္သူမ်ားအေနႏွင့္ အဆိုပါသင္တန္းၿပီးပါက စစ္ေကာင္စီ ၏ ဗိုလ္သင္တန္းကို တက္ေရာက္ခြင့္ ရမည္ဟုစည္း႐ုံးမႈမ်ားေၾကာင့္တကၠသိုလ္ ေက်ာင္းသားေက်ာင္းသူမ်ားအတြင္းမွ စစ္ေကာင္စီႏွင့္ နီးစပ္သည့္မိသားစု၀င္မ်ား တက္ေရာက္ၾကျခင္းျဖစ္ေၾကာင္း ေက်ာင္းသားတစ္ဦးမွေျပာသည္။
“အဓိက တကၠသိုလ္ေက်ာင္းသားေတြဆရာေတြကို သင္ၾကားေပးေနတာကေတာ့ ကလတ(၇)ေလ့က်င္ေရးတပ္ ပုသိမ္ၿမိဳ႕လႊတ္ေတာ္ရဲ႕ အေနာက္ဘက္ကတပ္က သင္ၾကားေပးေနတာေတြ႕ရတယ္”ဟု ပုသိမ္ၿမိဳ႕ခံတစ္ဦးမွ ဧရာ၀တီတိုင္းမ္ကိုေျပာသည္။
စစ္ေကာင္စီသည္ ေတာ္လွန္ေရးအင္အားစုမ်ားႏွင့္ တိုက္ပြဲမ်ားအတြင္း ျပဳန္းတီးလာေသာ စစ္အင္အားကို ျပန္လည္ ျဖည့္တင္းႏိုင္ရန္ ေထာင္က်ေနေသာ တပ္ေျပးမ်ားႏွင့္စစ္မႈထမ္းေဟာင္းမ်ားကို ျပန္လည္ေခၚယူေနျခင္း တကၠသိုလ္တက္ေရာက္ေနေသာ ေက်ာင္းသားမ်ားကို ရာထူးႏွင့္စည္း႐ုံးျခင္း၊ ရပ္ကြက္ေက်း႐ြာမ်ားရွိ လူငယ္မ်ားကိုလည္း ေငြေၾကးျဖင့္စည္း႐ုံးျခင္းႏွင့္ အတင္းအဓၶမ စစ္တပ္သို႔ ၀င္ေရာက္ခိုင္းျခင္းမ်ား ျပဳလုပ္ေန ေၾကာင္းသိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *