မင်းကင်းမြို့နယ် ကံရွာကအက်ရှင်လေးဝင်ရှိုးလိုက်

မင်းကင်းမြို့နယ် ကံရွာရှိ ပျူစောထီးစခန်းကို တိုက်ခိုက်ရှင်းလင်းခဲ့တဲ့ မှတ်တမ်းဖိုင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ထုတ်ပြန် (ရုပ်/သံ)

++++++++++++++++++++++++++++

ဖေဖော်ဝါရီ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကံရွာရှိ ပျူစောထီးစခန်းကို ဖေဖော်ဝါရီ ၇ ရက် တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ရှင်းလင်းခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)က ဖေဖော်ဝါရီ ၁၂ ရက်က ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲအတွင်း ပျူစောထီးတပ်တာဝန်ခံ မေးရိုကျည်မှန်ဒဏ်ရာအပြင်း အထန်ရရှိသွားပြီး အခြားပျူစောထီး ၄ ဉီးသေဆုံးကာ စခန်းအတွင်းအဆောက်အအုံတွေကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်.

ဖေဖော်ဝါရီ ၇ ရက် ကံရွာပျူစောထီးစခန်းတိုက်ပွဲဖြစ်စဉ်ကြောင့် မနေ့ နံနက် ၆ နာရီအထိ (ဖေဖော်ဝါရီ ၁၂ ရက်) စစ်ကောင်စီတပ်နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF၊ Brave eagle revolution force (B.E.R.F)၊ People’s Liberation Army (P.L.A)နဲ့ ချင်းတွင်းအထက်မြစ်ရိုးတော်လှန်ရေးတပ်ဖွဲ့ (U.C.R.R.F) စတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *