ခဝေးတေတွေပေါမှပေါ

ဆီဆိုငိမြို့နယ်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်များက PNLA နဲ့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်က ၂ ဦးထက်မနည်းသေဆုံးပြီး မူးယစ်ဆေးဝါးနဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိ++++++++++++++++ဖေဖော်ဝါရီ ၁၆ – ၂၀၂၄ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြောက်ဘက်တနေရာမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ကြောင်းက စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်များနဲ့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်က ၂ ဦးထက်မနည်းသေဆုံးပြီး မူးယစ်ဆေးဝါးနဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနေ့က စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်များက ဆီဆိုင်မြောက်ဘက်တနေရာမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ကို လာရောက်ချောင်းမြောင်းပစ်ခတ်တာကို PNLA က ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီနဲ့ အပေါင်းအပါများဘက်က ၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး မူးယစ်ဆေးဝါး အထုပ်ကြီး ၂ ထုပ်၊ အထုပ်သေး ၂ ထုပ်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *