ဒီပဲယင်းခဝေး၅ကောင်ဂန့်

ဒီပဲယင်းနှင့် ရေဦးရှိ စစ်တပ် တပ်စွဲထားသော နေရာများ၊ စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး၊ ပခုက္ကူတွင် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်သား၊ ရဲ များအထိုင်ချတပ်စွဲထားရာ ရဲစခန်းနှင့် စာရင်းစစ်ရုံတို့ကို ဗုံဂကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများ အထိုင်ချတပ်စွဲထားသည့် ဒီပဲယင်းမြို့မရဲစခန်းကို ဗုံးသီး ၂ လုံး၊ စာရင်းစစ်ရုံးကို ဗုံသီး ၂ လုံး စုစုပေါင်း ဗုံးသီး ၄ လုံးကို ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ် တပ်စစ်ကြောင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force တပ်ဖွဲ့ မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရေဦးမြို့နယ်၊ အောင်သာကျေးရွာသို့ ရောက်ရှိ နေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။“မနေ့ကပဲ အောင်သာရွာကို ဝင်ပြီး အထိုင်ချတပ်စွဲထားတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေ နဲ့ တအားပစ်တယ်၊ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force တပ်ဖွဲ့ မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုး အဖွဲ့ ၊ ကြောင်လက်သည်း PDF နှင့် မတစ်ထောင်တစ်ကောင်ဖွား တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထို့အပြင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကားကို ရှေ့ထွက်မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းမြိုင်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီခန့်က ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော အ ကြမ်းဖက်စစ်ကားကို ကန်တော်ကျေးရွာအနီးအရောက် ရှေ့ထွက်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၂ ဦး၊ ရဲ ၂ ဦး ထခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူများကို မိတ္ထီလာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊The Red Revolters ၊ Black Cobra နှင့် ကမ္မတပ်ပေါင်းစု တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *