“အပြုံးမပျက်နဲ့ရုံးတတ်”ဆိုတဲ့နန်းနန်းတို့ပျော်လိုက်ကြတော့

Breaking News- ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများအားလုံး၏ စာရင်းကို ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်■ လာမည့် ရှေ့ ၃ နှစ်အထိ အလှည့်ကျ စစ်မှုထမ်းဆောင်ရမည့် Non-CDM ဝန်ထမ်းများ၏ စာရင်းပါ အသေးစိတ် ကြိုတင်ပြင်ဆင်ခိုင်းနေရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံး ဝင်သော Non-CDM ဝန်ထမ်းများစာရင်း ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန် ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများ စာရင်းတောင်းခံလျက်ရှိရာ ရန်ကုန်တိုင်းအတွင်းမှ Non-CDM ဝန်ထမ်းများ၏ စာရင်းကို ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဝန်ထမ်းဦးရေ စာရင်းချုပ်ကိုလည်းကောင်း၊ အသေးစိတ် စာရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင်လည်ကောင်း အချိန်မီ စာရင်းပြုစု ပေးပို့ရန် ညွှန်ကြားထားသည်။ ထို့ပြင် လာမည့် ၂၀၂၅ ၊ ၂၀၂၆ ၊ ၂၀၂၇ ခုနှစ်တွင် စစ်မှုထမ်းရမည့် Non-CDM ဝန်ထမ်းများစာရင်းကိုပါ အသေးစိတ် ထပ်မံပြုစုရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။ (ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်နှင့်သက်ဆိုင်သော လုံခြုံရေးအတွက် ရုံးစာအမှတ်များ၊ စာဝင်အမှတ် သင်္ကေတများကို ဖျက်ထားရပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *