လှလိုက်တဲ့ မြင်ကွင်း ပေါလော်ပေါ်😄😄😄

မောင်တောတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို AA ကြားဖြတ်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးရန်ကုန်| ဖေဖော်ဝါရီ ၁၇ ရခိုင်ပြည် မောင်တောမြို့နယ် ရွှေရင်အေး နောက်ဘက် ပန်းတောပြင် မွတ်ဆလင်ကျေးရွာ အနီးတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်AA က ကြားဖြတ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီစစ်သားများ အပါအဝင် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ ရွှေရင်အေး နောက်ဘက် ပန်းတောပြင် မွတ်ဆလင်ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးဝင်ရောက်လာချိန် AA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ “စစ်ကြောင်းထိုးလာတာ ၃၀ ကျော်လောက်ရှိတယ်။ ကျနော်တို့က ကင်းပုန်းဝပ်ပြီးတော့တိုက်တာ။ အဲ့ဒီမှာ ကျနော်တို့ဖက်က ကြားဖြတ် တိုက်တော့ အဲ့ဒီမှာ အားလုံးနီးပါးသေတယ်။ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေပါတယ်။ စစ်ကောင်စီတပ်သားတွေပါတယ်။

ကျနော်တို့ဖက်ကတော့ ထိခိုက်မှုတွေ မရှိဘူး။ တိုက်ပွဲက ၁နာရီ လောက်ဖြစ်ခဲ့တယ်”ဟုပြောသည်။ မောင်တောမြို့နယ်အနီးက စစ်ကောင်စီ နယ်ခြားစောင့်တပ် စခန်းတစ်ခုဖြစ်သည့် ဗောဓိကုန်းစခန်းကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ၁၆ရက်နေ့ နံနက် ၆ နာရီတွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်က သတင်းထုတ်ပြန်ထားသည်။ယင်း စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သား ၁၄ လောင်းအပါအဝင် လက်နက်ခဲယမ်းအချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လည်စတင်ခဲ့သည့် ရခိုင်နှင့်ပလက်ဝဒေသတွင်း တိုက်ပွဲများ၌ ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်စခန်း မြောက်များစွာနှင့် လက်နက်ခဲယမ်းများအပြင် မြို့ ၇ မြို့၊ စစ်သင်္ဘော ၅ စီးတို့ကို တိုက်ခိုက်သိမ်းပိုက်ရယူထားပြီဖြစ်သည်။

ကျန်နေသေးသော ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရန် AA မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေပြီး မြို့များကိုလည်း သိမ်းယူမည်ဖြစ်ကာ ပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်မြို့တော် စစ်တွေမြို့သို့ ဦးတည်လာကြောင်း သိရသည်။ (Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။ )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *