ထောက်ခံပွဲတွေဘာတွေလုပ်မနေနဲ့ တ-ပ်ထဲသာတစ်ခါထဲဝင်လိုက်

ပုသိမ်တွင် မြို့နယ်ပေါင်းစုံမှ တပ်မိသားစုများကိုစုပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံပွဲပြုလုပ်

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၁၇ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ဇန်နဝါရီလ ၁၆ရက်နေ့ နေ့လည်က စစ်ကောင်စီ၏ ခွင်ပြုချက်ဖြင့် လူအင်အား၁၀၀၀ခန့်က စစ်မှုထမ်းဥပဒေကိုထောက်ခံပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒပြပွဲကို ဧရာ၀တီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များမှ တပ်မိသားစု၀င်များမှဦးဆောင်ပြီး ယခင်ထောက်ခံပွဲများတွင် နေ့စား ဆန္ဒပြ လိုက်ဖူးသူများကို မြို့နယ်များမှ ကားဖြင့် ခေါ်ဆောင်လာသူများ ပါ၀င်ကြောင်း မြို့ခံများကပြောသည်။

“နတခ ထဲက light truckတွေ နဲ့လာတယ် ကျန်တာတွေကတော့ အရင် နေ့စားနဲ့ပြနေကြရုပ်တွေချည်းပဲ သူတို့ဥပဒေကို သူတို့ပြန်ထောက်ခံကြတာ မြို့ခံတွေ တစ်ယောက်မှ မပါဘူး သိလဲမသိဘူး “ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ထောက်ခံပွဲပြုသူများ၏ဘေးတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ရဲများက ဆိုင်ကယ်၊ ကားများဖြင့် လုံခြုံရေးယူပေးနေပြီး ပုသိမ်မြို့ကမ်းနားလမ်း ရူခင်းသာရင်ပြင်ရှေ့တွင် ဟောပြောပွဲပြုလုပ်ကာ စုပေါင်းဓါတ်ပုံရိုက်ပြီး ပြန်သွားကြကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုကြောင်း ကြေငြာခဲ့ပြီးနောက်ပိုင်း ကြိုဆိုထောက်ခံပွဲများကို စစ်တပ်မိသားစုများ စစ်တပ်ထောက်ခံသူများက မြန်မာနိုင်ငံအနှံ လိုက်လံ ပြုလုပ်ခဲ့နေခြင်းဖြစ်သည်။

ပုသိမ္တြင္ ၿမိဳ႕နယ္ေပါင္းစုံမွ တပ္မိသားစုမ်ားကိုစုၿပီး ျပည္သူ႔စစ္မႈထမ္းဥပေဒ ေထာက္ခံပြဲျပဳလုပ္
ဧရာဝတီတိုင္းမ္
ေဖေဖာ္ဝါရီ ၁၇ ရက္
ဧရာ၀တီတိုင္း၊ ပုသိမ္ၿမိဳ႕တြင္ ဇန္နဝါရီလ ၁၆ရက္ေန႔ ေန႔လည္က စစ္ေကာင္စီ၏ ခြင္ျပဳခ်က္ျဖင့္ လူအင္အား၁၀၀၀ခန္႔က စစ္မႈထမ္းဥပေဒကိုေထာက္ခံပြဲ ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ဆႏၵျပပြဲကို ဧရာ၀တီတိုင္းအတြင္းရွိ စစ္ေကာင္စီတပ္မ်ားမွ တပ္မိသားစု၀င္မ်ားမွဦးေဆာင္ၿပီး ယခင္ေထာက္ခံပြဲမ်ားတြင္ ေန႔စား ဆႏၵျပ လိုက္ဖူးသူမ်ားကို ၿမိဳ႕နယ္မ်ားမွ ကားျဖင့္ ေခၚေဆာင္လာသူမ်ား ပါ၀င္ေၾကာင္း ၿမိဳ႕ခံမ်ားကေျပာသည္။
“နတခ ထဲက light truckေတြ နဲ႔လာတယ္ က်န္တာေတြကေတာ့ အရင္ ေန႔စားနဲ႔ျပေနၾက႐ုပ္ေတြခ်ည္းပဲ သူတို႔ဥပေဒကို သူတို႔ျပန္ေထာက္ခံၾကတာ ၿမိဳ႕ခံေတြ တစ္ေယာက္မွ မပါဘူး သိလဲမသိဘူး “ဟု မ်က္ျမင္ေတြ႕ရွိသူတစ္ဦးမွ ဧရာ၀တီတိုင္းမ္ကိုေျပာသည္။
ေထာက္ခံပြဲျပဳသူမ်ား၏ေဘးတြင္ စစ္ေကာင္စီတပ္ဖြဲ႕၀င္မ်ားႏွင့္ ရဲမ်ားက ဆိုင္ကယ္၊ ကားမ်ားျဖင့္ လုံၿခဳံေရးယူေပးေနၿပီး ပုသိမ္ၿမိဳ႕ကမ္းနားလမ္း ႐ူခင္းသာရင္ျပင္ေရွ႕တြင္ ေဟာေျပာပြဲျပဳလုပ္ကာ စုေပါင္းဓါတ္ပုံ႐ိုက္ၿပီး ျပန္သြားၾကေၾကာင္းသိရသည္။
ေဖေဖာ္ဝါရီလ ၁၀ရက္ေန႔တြင္ စစ္ေကာင္စီမွ ျပည္သူ႔စစ္မႈထမ္းဥပေဒကို အတည္ျပဳေၾကာင္း ေၾကျငာခဲ့ၿပီးေနာက္ပိုင္း ႀကိဳဆိုေထာက္ခံပြဲမ်ားကို စစ္တပ္မိသားစုမ်ား စစ္တပ္ေထာက္ခံသူမ်ားက ျမန္မာႏိုင္ငံအႏွံ လိုက္လံ ျပဳလုပ္ခဲ့ေနျခင္းျဖစ္သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *